Friday, 3 October 2014

ချင်းချဉ်လေး လုပ်ကြရအောင်



တစ်ခါတစ်ရံတော့ ချင်းသုပ်လေးဘာလေး အရမ်းစားချင်ပါတယ် အဲဒီလိုအချိန်တွေမှာ ချင်းချဉ်ကလဲ အလွယ်တစ်ကူမရနိုင်တဲ့နေရာ ဒေသမှာရောက်နေရင် ကိုယ့်ဘာသာကို ချင်းချဉ်ကို တတည်ရတော့တာပါဘဲ။

မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကိုလွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာအကောင်းဆုံးပါ ကြွေပန်းကန်နဲ့တည်တဲ့အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေးမပြည့်မှီတဲ့ ကြွေဆိုရင် တည်မိတဲ့အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ်။

ချင်းချဉ်အတွက်လိုအပ်လေးတွေက

  • အခွံခွာပြီး ရေစင်အောင်ဆေးထားသော ချင်း 100g
  • သုံပုရာသီး အနေတော် တစ်လုံး
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံ တစ်ပုံ
ပြင်ဆင်ပါမယ်
  • ချင်းကို ခပ်သေးသေး အမြှောင်းလေးတွေ ရအောင်လှီးပေးပါ
  • သုံရာသီးကို ထက်ခြမ်းခြမ်းပြီး ချင်းထဲသို့အရည်ညှစ်ပေးပါ
  • ထိုအထဲသို့ ဆားရောထဲ့ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပါက ဖန်ပုလင်းထဲထဲ့ပြီး တစ်ညအိပ်ထားပေးပါ
  • နောက်တစ်နေ့မှာ ချင်းအရောင်ပြောင်းလာပါ ချင်းချဉ်မွှေးမွှေးလေးရပါပြီ
  • ချင်းသုပ် လက်ဖက်သုပ်တို့ သုပ်စားနိုင်ပါပြီ




No comments:

Post a Comment