Monday 22 September 2014

ပုဇွန်ကြော် ကြွတ်ကြွတ်လေး


မာမာကြော်ဖြစ်တဲ့ အကြော်လေး တစ်ခုပေါ့ ပုဇွန်ခေါင်းချိုးလေးတွေကို ခေါင်းချိုးပြီး တန်ပူရာမှုန့်လေးနဲ့ကြော်ထားလို့ မွှေးမွှေးကြွတ်ကြွတ်လေး စားလို့အရမ်းကောင်းပါတယ်။

မာမာချက်တဲ့ဟင်းလေးတွေက အရမ်းကိုလွယ်ပါတယ် ချက်ရတာလဲမြန်ပါတယ် စိတ်ပါလို့ အခုကြော်ထားတဲ့ ပုဇွန်ကြော်လေးကို ကြော်စားကြည့်မယ်ဆိုရင် ကြော်နည်းလေး ပြောပြပါ့မယ်။

ပါ၀င်ပစ္စည်းများ

ရေဆေးပြီးခေါင်းဖြုတ်ထားသော ပုဇွန်အသေး - 150 g
တန်ပူရာမှုန့်. - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်၀က်
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ကြက်သားမှုန့်. - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး

ပြင်ဆင်ပုံ
ပုဇွန် ကြက်သားမှုန့် နနွင်းမှုန့်တို့ကို အရသာနယ်လိုက်ပါ
တန်ပူရာမှုန့်ကို ရေနှင့်ဖျော်ထားပြီး ပုဇွန်အရသာနယ်နှင့် နယ်ပေးထားပါ
ဆီကို မီးပြင်းပြင်းနဲ့အပူပေးပြီး ဆီပူလာပါက မီးကို အနေတော်လျော့ပေးပါ
ပုဇွန်တန်ပူရာမှုန့် နယ်ထားတာကို ပန်းကန်ပြားပြန့်ပြန့်လေးထဲ ဖျန့်ထဲ့ပေးပြီး ဆီပူအိုးထဲသို့ အသာတွန်းချပြီး ထဲ့ကြော်ပေးပါ
တစ်ဖက်ကျက်ရင် တစ်ဖက်ကိုလှန်ပေးပြီး ရွှေဝါရောင် ဖြစ်လာတဲ့ထိ ကြော်ပေးပါ
ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးထားပါ ဆီစစ်သွားရင် သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ပုဇွန်ကြော် ကြွပ်ကြွပ်လေး အားပေးသွားတယ် မာမာရေ...

    ReplyDelete
  2. ကျေးကျေးပါ တီတင့်ရေ

    ReplyDelete