Monday, 1 September 2014

ဆီထမင်းချိုး မွှေးမွှေးလေး



မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ ဆီထမင်းထိုးနည်းလေး ပြောချင်ပါတယ် ဘယ်နေရာဘယ် ဒေသဘဲရောက်ရောက် ကိုယ့်ရိုးရာအစာလေးတွေကိုတော့ လွမ်းမိတာအမှန်ပါ ဒါကြောင့်မို့လဲ ဖြစ်နိုင်ရင် မြန်မာအစာတွေကိုဘဲ လွယ်ကူမြန်ဆန်နည်းလေးတွေနဲ့ လုပ်စားဖြစ်ပါတယ်။

ဒီနေ့ထိုးဖြစ်တဲ့ဆီထမင်းလေးကလဲ ဆီထမင်းကြိုက်နှစ်သက်သူတွေအတွက် လွယ်ကူလွန်းတဲ့ ဆီထမင်းထိုးနည်းလေးမို့ အားလပ်ရက်လေးမှာ ချက်ပြီးစားစေချင်ပါတယ်။

ပါဝင်တာလေးတွေပြောပြပါမယ်

  • ရေဆေးပြီးရေစစ်ထားသော ကောက်ညှင်းဆန် -  ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး
  • ရှစ်စိတ်စိတ်ထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူး
ဆီထမင်ထိုးရန်
  • အရင်ဆုံးဆီကိုမီးအပူပေးပြီး နနွင်းမှုန့်ထဲ့ပါ
  • ကောက်ညှင်းဆန်ကို ထဲ့ပြီးကြော်ပေးပါ
  • ကြော်နေသောကောက်ညှင်းဆန်ကို အဆက်မပြတ်မွှေပေးရင်း တလုံးခြင်းကွဲသွားတာနဲ့ရေ ဆား အရသာမှုန့် ကြက်သွန်နီတို့ထဲ့ပြီး အဖုံးအုပ်ပြီးတည်ပေးပါ
  • စပြီးတည်တာနဲ့ မီးကို အနေတော်သို့လျော့ပေးပါ
  • တည်ထားစဉ် တခါနှစ်ခါလောက်ဘဲမွှေပြီး ရေခမ်းပြီဆိုတာနဲ့ မီးကို ထပ်ပြီးလျော့ပေးပြီး ဆီထမင်းမှာ စားရတာအရသာ အကောင်းဆုံးဖြစ်တဲ့ ဂျိုးကို မီးအေးအေးနဲ့ ရအောင်တည်ပေးပါ
  • အကျက်ညီပြီး ဂျိုးလှလှလေးရစေရန် မကပ်သောအိုးဖြင့်တည်ပြီး တည်ထားစဉ်အိုးကို မကြာမကြာ လှည့်ပေးပါ
  • ဆီသံကြွတ်ကြွတ်မြည်လာပြီး ဆီထမင်းဂျိုး မွှေးမွှေးလေးရရင် သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment