Wednesday, 3 September 2014

ငါးခြောက်ထောင်း ငရုပ်သီးအစပ်ကြော်



ဒီနေ့တော့ ငါးရံ့ခြောက်ကို ပြုပ်ပြီးအရိုးကိုထွင်ကာ အသားကို ကြိတ်စက်နဲ့ကြိတ်ပြီး ငရုတ်သီးအကြမ်းမှုန့်နဲ့ကြော်ထားပါတယ် ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲ ထဲ့ထောင်းနိုင်ပါတယ်။

၁၂မျိုးဟင်းချိုနဲ့အရမ်းလိုက်ဖက်တဲ့ ဟင်းအတွဲဖြစ်တာမို့လို့ မာမာကတော့ မကြာခန ချက်ဖြစ်ပါတယ် အသားစိုစိစိတွေထက်စာရင် ဒီလိုဟင်းမျိုးလေးတွေက ထမင်းကို ပိုပြီးမိန်စေပါတယ်။

ပါဝင်ပစ္စည်းများ

  • နူးနေအောင်ပြုပ်ပြီး အရိုးထွင်ကာ ကြိတ်ထားသော ငါးရံ့ခြောက် - ၂၅ကျပ်သား
  • အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားသော ကြက်သွန်နီ - ၂၅ကျပ်သား
  • ငရုပ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်ကန် တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံ တပုံ
  • ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  • ဆီကိုမီးအပူပေးပြီး နနွင်းမှုန့်ထဲ့ပါ
  • ကြက်သွန်နီကို နွမ်းသွားတဲ့ထိ ကြော်ပေးပြီး နွမ်းသွားတာနဲ့ ငရုတ်သီးမှုန့်ကို မွှေးလာတဲ့ထိကြော်ပေးပြီး ဆီစစ်ပြီး ခနဆယ်ထားပါ
  • ဒယ်အိုးထဲမှာ ကျန်နေသောဆီနဲ့ဘဲ ငါးခြောက်ထောင်းကို ကြွတ်လာတဲ့ထိကြော်ပေးပါ
  • ငါးခြောက်ထောင်း ကြွတ်လာပါက စောစောကကြော်ထားသော ကြက်သွန် ငရုတ်သီးကြော်ကို ငံပြာရည် အချိုမှုန့်တို့နဲ့ တခါထဲထဲ့ပြီး မွှေပေးပါ အားလုံးကြွတ်ပြီး မွှေးလာပြီဆိုရင် မီးပိတ်ပြီး အရသာမြည်းပေးပါ
  • ပန်းကန်ထဲသို့ ပြောင်းထဲ့ပြီး နှစ်သက်သလို စားနိုင်ပါပြီ။

4 comments:

  1. ငါးခြောက်ထောင်း ငရုပ်သီးကြော်အားပေးသွားတယ် မာမာရေ။ တီတင့်သားငယ်က ထမင်းပူပူနဲ့ နယ်စားတာ ဖေးဖရိတ်ပေါ့ … ကျေးဇူးနော် :)

    ReplyDelete
  2. ကျေးဇူးပါတီတင့်ရေ
    လာပြီးအားပေးနေတဲ့အတွက် ပျော်ပါတယ်

    ReplyDelete
  3. အကြိုက်ချင်းတူကြတယ်နော် အိုင်အိုရာရေ :-D

    ReplyDelete