Sunday, 31 August 2014

ကြက်သားလိပ်ကြော် မွှေးမွှေးလေး


ဒီနေ့တော့ ကြက်သားကော်ပြန်လိပ်ကြော်လေး ကြော်ပါမယ် ၀က်သားအစား ကြက်သားနဲ့ကြော်တာပါ ၀က်သားဆိုရင် မာမာတို့အိမ်မှာ လူမညီပါဘူး မစားတဲ့သူက များတဲ့အတွက် ကြက်သားနဲ့ဘဲကြော်တာပါ။

စိတ်ဝင်စားလို့ကြော်စားကြည့်မယ် ဆိုရင်တော့ ကော်ပြန့်ရွက် ၇ရွက်အတွက် လိုအပ်တာလေးတွေ ပြောပါမယ်။

ပါဝင်ပစ္စည်းများ

  1. ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ထားသော ကြက်ရင်ပုံသား - 200 g
  2. ကော်ပြန့်ရွက် - ၇ရွက်
  3. အနေတော် လှီးထားသော တရုတ်နံနံ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  4. အနေတော် လှီးထားသော ကြက်သွန်မိတ်ပင် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  5. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. Cornflour - ထမင်းစားဇွန်း တစ်ဇွန်းခွဲ ( ကြက်သားမှာနယ်ထားပေးပါ )
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  11. ဆီ - လိုသလောက် သုံးပေးပါ

အစာကြော်ပြီး လိပ်ရန်နှင့် ဂျုံအရည်ဖျော်ရန်
  • ဆီကို မီးအပူပေးပြီး ကြက်သွန်နီကို အရင်ကြော်ပါ
  • နွမ်းလာပါက ကြက်သားကိုထဲ့ပြီး ဆား အရသာမှုန့် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်တို့ထဲ့ပြီး ၆မိနစ်လောက်ကြော်ပေးပါ
  • အသားအရောင်ပြောင်းလာပြီး မာလာတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံတို့ထဲ့ပြီး၂မိနစ်လောက် မွှေပေးပါ ကျက်သွားရင် အအေးခံထားပါ
  • ကော်ပြန့်ရွက်လိပ်ပြီး ထိပ်စကိုကပ်ရန် ဂျုံထမင်းစားဇွန်း တစ်ဇွန်းသာသာကို ရေထမင်းစားဇွန်း ၂ဇွန်းနဲ့ ဖျော်ထားပါ
  • ကော်ပြန့်ရွက်ကိုထောင့်ချွန်းခင်းပြီး  ထောင့်ချွန်းအပေါ်မှာ အစာကိုထမင်းစားဇွန်း ၂ဇွန်းကျောာကျော်ထဲ့ပါ
  • ထောင့်ချွန်းဖက်မှ စပြီးလိပ်ပေးပြီး ဘေး၂ဖက်ကိုခေါက်ပြီး ဆက်လိပ်ပေးပါ
  • အလိပ်ဆုံးကာနီးမှာ ဖျော်ထားသော ဂျုံအရည်စွတ်ပြီး လိပ်လိုက်ပါ
  • ၇လိပ်လုံးလိပ်ပေးပါ
ကော်ပြန့်လိပ်၇လိပ်စာအတွက် အပြင်အကာခွံအနှစ်စပ်ရန်
  • ကြက်ဥကြီးကြီး - တစ်လုံး
  • အကြော်မှုန့်-  ထမင်းစားဇွန်း ၅ဇွန်း
  • ရေ. - ထမင်းစားဇွန်း ၂ဇွန်းတို့နဲ့ အားလုံးကျေအောင်ဖျော်ထားပါ
ကြော်ရန်
  • ဆီကိုအပူပေးပြီး ဆီပူလာပါက မီးကိုအလယ် အလတ်လောက် လျော့ပြီးမှ ကြက်သားလိပ်ကို ဖျော်ထားသော အပြင်အကာခွံအတွက် စပ်ထားသော အနှစ်ထဲမှာလူးပြီး ဆီအိုးထဲသို့ တစ်လိပ်ခြင်းနှစ်ပေးပြီး ထဲ့ကြော်ပေးပါ
  • မီးအရမ်း မပြင်းအောင် သတိထားပြီး ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး၂ဖက်လုံး ရွှေဝါရောင်သန်းပြီး ကြွတ်ရွလာလျှင် ဆယ်ပြီးဆီစစ်ထားပေးပါ။
အချဉ်ရည်စပ်ရန်
  • Chili sauce ထမင်းစားဇွန်း နှစ်ဇွန်း 
  • ငရုတ်သီးအလှော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  • သကြား ထမင်းစားဇွန်း တစ်ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • အနေတော်လှီးထားသော နံနံပင် အပင်ကြီးကြီး သုံးပင်
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး ၇မွှာ
  • ရေ ထမင်းစားဇွန်း ၅ဇွန်း အားလုံးရောပြီး ဖျော်ပေးပါ။

No comments:

Post a comment