Thursday, 21 August 2014

သတ်သတ်လွတ် ပဲပင်ပေါက်ကြော်



ရံဖန်ရံခါတော့လဲ သတ်သတ်လွတ် ဟင်းအရံလေးတွေ ချက်မိပြန်ပါတယ် မာမာကိုယ်တိုင်က အသားကြီးဘဲ စားရတာမနှစ်သက်တတ်ပါဘူး အသီးအရွက်လိုမျိုးဟင်းတစ်မယ်တော့နေ့စဉ်ချက်တတ်ပါတယ်။
အသီးအရွက်ဆိုတာမျိုးကလဲ ချက်တတ်မှစားကောင်းပါတယ် အခုပဲပင်ပေါက်ပဲပြားကြော်လေးကလဲ ကြော်တတ်ရင်တော်တော်အဆင်ပြေပြီး စားလို့ကောင်းပါတယ် မကြော်တတ်ရင်တော့ ကြော်နေရင်းက ထွက်လာတဲ့အရည်တွေကြောင့် ရေစွတ်ပက်နဲ့စားရတာအဆင်မပြေပါဘူး ဒီနေ့တော့ ပဲပင်ပေါက်ပဲပြားလေးကို အဆင်ပြေပြေစားနိုင်ဖို့ ကြော်နည်းလေးကိုပြောပါမယ်။

ပဲပင်ပေါက်ပဲပြားကြော်ဖို့လိုအပ်တာလေးတွေက

  • ရေစင်အောင်ဆေးပြီးဇကာနှင့်ရေစစ်ထားသော ပဲပင်ပေါက် - 200g
  • လေးထောင့်အတုံးလေးများ လှီးထားသောတို့ဟူး - တစ်တုံး
  • ခပ်ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တစ်ခြမ်း
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြော်ဖို့ပြင်ပါမယ်
  • ဆီကို မီးအနေတော်နဲ့အပူပေးပြီး ဆီပူလာရင်နနွင်းမှုန့်ထဲ့ပါ
  • ပဲပြားကိုနဲနဲမာအောင်ကြော်ပေးပြီး ဆယ်ထားပါ
  • ကြက်သွန်နီကိုနွမ်းသွားအောင်ကြော်ပေးပြီးမှပဲပြားကြော်ကိုပြန်ထဲ့ပြီးမိနစ်ဝက်လောက်ကြော်ပါ
  • ပဲပင်ပေါက်နဲ့အတူ ဆား အရသာမှုန့်တို့ထဲ့ပြီးနှံ့အောင်မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက်ကြော်ပေးပြီးရင် သတ်သတ်လွတ်ပဲပင်ပေါက်ကြော်လေးရပါပြီ
ထမင်းပူပူလေးနဲ့နှစ်သက်စွာစားသုံးနိုင်ကြပါစေ။

No comments:

Post a Comment