Friday, 22 August 2014

တို့ဟူး တုံတုံအိအိလေးကျိုရအောင်




ဒီနေ့တော့ ပျော့ပျောင်းနွဲ့နှောင်းတဲ့ တို့ဟူးကျိုနည်းလေးပြောချင်ပါတယ် မာမာခပ်ငယ်ငယ်လေးထဲက တို့ဟူးကို ကောင်းကောင်းကျိုတတ်ပါတယ် မာမာနဲ့အထက်အောက်မောင်လေးက ငယ်ငယ်လေးထဲက အသားတွေသိပ်စားလေ့မရှိပါဘူး လက်ဖက်သုပ် လက်သုပ်စုံလိုအစာတွေနဲ့ဘဲ စားလေ့ရှိပါတယ်။

သူ့အတွက်ညနေစာကို မာမာတို့နေတဲ့လမ်းရဲ့အနောက်ဖက်လမ်းမှာ အသုပ်ရောင်းတဲ့အိမ်ရှိတော့ မာမာကနေ့တိုင်းသွားသွားဝယ်ရပါတယ် သွားဝယ်တိုင်းနောက်နေ့မနက်ရောင်းဖို့အတွက် တို့ဟူးကျိုတာနဲ့ တိုးတတ်ပါတယ် ငယ်ငယ်ထဲက စပ်စပ် စပ်စပ်နေရာတကာ ပါတတ်တဲ့တွက်ကြောင့် တို့ဟူးကျိုတဲ့ကြီးကြီး မစိန်ကြည်ကိုမေးပြီး နောက်ပိုင်းတော့ အိမ်မှာစမ်းပြီး ကျိုဖြစ်ရင်းက ကျိုတတ်သွားခဲ့တာပါ။

တို့ဟူးကျိုဖို့လိုအပ်လေးတွေပြင်ပါမယ်

  • ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် ၃ခွက်
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ခွက် ၄ခွက်ခွဲ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်လေးတွေကျေအောင်ချေပြီး ၅နာရီလောက်နှပ်ထားပေးပါ
  • ပဲမှုန့်ချင်တွယ်ရာမှာ မည်သည့်ခွက်နှင့်ဘဲချင်ချင်  ပဲမှုန့်တစ်ခွက်ကိုပဲမှုန့်ချင်သည့်ခွက်နှင့် ရေတစ်ခွက်ခွဲနှင့်ရောပေးရင်ရပါတယ်။
တို့ဟူးကျိုဖို့ပြင်ပါမယ်
  • တို့ဟူးကျိုမဲ့အိုးကို မီးအနေတော်နဲ့အပူပေးလိုက်ပါ
  • တို့ဟူးကျိုပြီးထဲ့ရန် ဗူးကိုဆီနှင့်နေရာနှံ့အောင် သုပ်ထားပေးပါ
  • အိုးပူလာပြီဆိုတာနဲ့ ပဲရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ဆုံးအိုးထဲသို့ထဲ့ပြီးတာနဲ့ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက် ဆီထမင်းစားဇွန်း တစ်ဇွန်းတို့ထဲ့ကာ နဲနဲလေးပြစ်ရုံကျိုလိုက်ပါ
  • ပဲရည်ပြစ်လာပြီဆိုတာနဲ့ ကျန်နေသောပဲအနှစ်ကို မကျေသော ပဲအခဲလေးများပါမသွားစေရန် ဇကာခပ်စိတ်စိတ်ခံကာ လောင်းချပေးပါ
  • အားလုံးထဲ့ပြီးတာနဲ့မီးကိုနဲနဲထပ်လျှော့ပေးပြီး အဆက်မပြတ်မွှေပေးပါ
  • ၁၀မိနစ်ကျော်ကျော်လောက် မွှေပြီးပါက ပဲအနှစ်များပြစ်ပြီး ခဲလာပါပြီ
  • ဆီသုပ်ထားသောဗူးထဲသို့ ကျိုထားသောပဲအနှစ်များ လောင်းချပေးပြီး မျက်နှာပြင်ညီအောင်ညှိပေးပါ
  • နာရီဝက်လောက်နေရင် အေးပြီးခဲနေသာ တို့ဟူးတုန်တုန်အိအိလေးရပါပြီ
  • သုပ်စား ကြော်စား နှစ်သက်သလိုစားနိုင်ပါပြီ။

No comments:

Post a Comment