![]() |
ပဲဗူးကိုဖောက်ပြီး ရေဆေးပြီး ရေစစ်ထားပါ
![]() |
မုန့်လိပ်ပြာအတွက် ပဲယိုနှင့်လိပ်ရန် ဆန်ပြားရွက်
![]() |
ဆန်ပြားရွက်ကို ရေအေးနှင့်ပျော့သွားတဲ့
အထိ မိနစ်ဝက်လောက်ရေစိမ်ပေးပါ
![]() |
ရေစိမ်ထားသော ဆန်ပြားရွက်ကို ပန်းကန်ပြား
တစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကိုအလယ်
တည့်တည့်မှာ ထမင်းစားဇွန်းတစ်ဇွန်း ပုံပေးပါ
![]() |
ပဲယိုပေါ်သို့ အောက်ဖက်မှစပြီး စပြီး
ခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကို
တစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှ
ကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုအုပ်ပါ
![]() |
မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်း
အုန်းသီးမှုန့်တို့ဖြူးပြီး စားသုံးနိုင်ပါပြီ
မြန်မာမုန့်လေးတွေကို နှစ်နှစ်သက်သက် ကြိုက်မိသူတွေအတွက် မုန့်လိပ်ပြာ လုပ်နည်းလေးပါ ဒီမုန့်လေး လုပ်စားရတာ အရမ်းလွယ်ပါတယ်။
တာမှာနေပြီး တောမှာကြီးခဲ့တဲ့ မာမာတစ်ယောက် မြန်မာမုန့်လေးတွေ ကြိုက်တာ မဆန်းဘူးထင်ပါတယ်
ငယ်ငယ်ထဲက စားခဲ့တဲ့ မုန့်လေးတွေရဲ့ အရသာကို နှစ်သက်နေကြအုံးမယ်ဆိုရင် ဒီနည်းလေးအတိုင်း အလွယ်တစ်ကူ လုပ်စားကြည့်နိုင်အောင် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပဲနီ - တစ်ဗူး 400 g (ပြုပ်ပြီးသား ဗူးကိုသုံးထားပါတယ် )
- Rice Paper - ၇ရွက်
- သကြားအဖြူ (သို့) သကြားအညို - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ရေ - 2 cups (ပဲယိုထိုးရန်)
- ရေ - လိုသလောက်သုံးပါ (ဆန်ပြားရွက် ရေစိမ်ရန်)
- အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်သုံးပေးပါ
ပြင်ဆင်ပုံ
- ပဲဗူးကိုဖောက်ပြီး ပဲထဲမှာပါသော ရေများကိုသွန်ကာ ပဲများကို ရေတစ်ထပ်ဆေးပြီး ရေစေစ်ပေးပါ
- ဇလုံတစ်လုံးထဲမှာ ရေစစ်ထားသော ပဲ ဆား သကြားတို့ကိုထည့်ပြီး ကျေသွားအောင် ချေထားပေးပါ
- ပဲများကျေသွားတာနဲ့ မကပ်သော အိုးတစ်လုံးထဲမှာ ချေပြီးသားပဲနှင့် ရေကိုထည့်ပြီး မီးဖိုပေါ်တင်ကာ ယိုထိုးပေးပါ
- ရေခမ်းသွားတာနဲ့ ပဲယိုကို မီးပိတ်ပြီး အအေးခံထားပါ
- ပန်းကန်ပြား တချပ်ထဲမှာ ရေထည့်ပြီး ဆန်ပြားရွက်ကို တချပ်ချင်း မိနစ်ဝက်လောက် ရေစိမ်ပေးပါ
- ရေစိမ်ပြီး ဆန်ပျားရွက် ပျော့သွားတာနဲ့ ပဲယိုကို ထမင်းစားဇွန်း တစ်ဇွန်းစာလောက် ထည့်ပေးပါ
- ပြီးတာနဲ့ ဆန်ပြားဖတ်ရဲ့ အောက်ဖက်မှနေပြီး စပြီးခေါက်ပေးပါ
- အောက်ဖက်မှ လိတ်ပြီးတာနဲ့ ဘေးနှစ်ဖက်ကို ပုံပါအတိုင်း ခေါက်ပေးပါ
- ဘေးနှစ်ဖက် ခေါက်ပြီးတာနဲ့ အပေါ်ဘက်မှ ကျန်နေသော အစကို ခေါက်ပြီး အုပ်ပေးပါ
- ပဲယိုကို အုပ်မိသွားတာနဲ့ မုန့်လိပ်ပြာ မုန့်ကိုအုန်းသီးဖြူးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
ကျေးဇူးတင်တယ် မာမာရေ...
ReplyDeleteတီတင့် teen age အသက်အရွယ်မှာ နေ့တိုင်းလိုလို စားဖြစ်ခဲ့တဲ့ မုန့်လိပ်ပြာ..
နည်းပညာလေးရသွားပြီ... ♥♥♥
Ama yay ....
ReplyDeleteI have eaten all food you posted recently.
Long time I did not open your blog. A lot of food I love ....