Sunday 25 October 2015

ဂေါ်ရခါးသီး ကြက်ဥကြော်


ဂေါ်ရခါးသီးဆို ဟင်းချက်စားစား ကြော်စားစား ပြုပ်တို့တို့ အရသာစုံအောင် လုပ်စားလို့ရတာမို့ ဒီတစ်ခါတော့ ကြက်ဥနဲ့မွှေကြော်လေး ကြော်ထားပါတယ် သဘာဝ အရသာကိုက ချိုပြီးသားမို့ အများကြိုက်ကြတဲ့ အသီးကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂေါ်ရခါးသီး - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်ဥ - တစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  1. ဂေါ်ရခါးသီးကို အခွံခွာပြီး ရှည်ရှည်အမြှောင်းရအောင်လှီးပြီး ရေဆေးကာ စစ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းကို ထည့်ပေးပါ
  4. ဆီ အငွေ့တက်လာတာနဲ့ ကြက်သွန်နီကို နွမ်းအောင် ကြော်လိုက်ပါ
  5. ကြက်သွန်နီ နွမ်းတာနဲ့ ဂေါ်ရခါးသီးကို ထည့်မွှေပါ
  6. ၂မိနစ်ကျော်ကျော်လောက် အဖုံးအုပ်ထားပြီး ဂေါ်ရခါးသီး နွမ်းလာတာနဲ့ ဆားနှင့်အချိုမှုန့် ထည့်မွှေပါ
  7. ပြီးတာနဲ့ ဂေါ်ရခါးသီးကို ဘေးတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေလိုက်ပါ
  8. ကြက်ဥကြက်တာနဲ့ ဂေါ်ရခါးသီးနှင့် ရောမွှေပေးပြီး အရသာမြည်းကာ လိုသလိုပြင်ပြီး စားသုံးနိုင်ပါပြီ။

1 comment:

  1. ဂေါ်ရခါးသီး ကြက်ဥကြော်ကလဲ ဆိမ့်နေမှာဘဲနော် .... အားပေးသွားပါတယ် .... ^___^

    ReplyDelete