Wednesday, 21 October 2015

ကိုယ်တိုင်လုပ် ပုဇွန်ချဉ်သုပ်


ပုဇွန်ချဉ်စားချင်လို့ ကိုယ်တိုင်လုပ်လိုက်တာ အဆင်ပြေလွန်းလို့ ပုဇွန်ချဉ်လုပ်နည်းနဲ့ သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဘော့ချိတ် သို့ ပုဇွန်ခေါင်းချိုး သန့်စင်ပြီးသား 200g
  • ခပ်မာမာချက်ထားသော ထမင်း လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံး
  • ဆား ထမင်းစားဇွန်း ၂ဇွန်း
ပြုလုပ်ပုံ
  1. ပုဇွန်ကို အခွန်မခွာဘဲ ခေါင်းဘဲဖြုတ်ပေးပါ
  2. ကြောဘက်မှနေ၍ သွားထိုးတံ အချွန်လေးဖြင့် ထိုးကလော်ပြီး အမဲကြောင်းကို ထုတ်ပေးပါ
  3. အားလုံးသန့်စင်ပြီးပါက ရေစင်အောင်ဆေးပြီး ရေခြောက်အောင် paper towel နှင့်သုပ်ပေးပါ
  4. ထမင်းကို ခပ်မာမာချက်ပေးပြီး အအေးခံထားပေးပါ
  5. ထမင်းအေးတော့မှ ပုဇွန်ကို စပြီးသန့်စင်ပေးပါ
  6. ပုဇွန်သန့်ပြီးတာနဲ့ ဇလုံထဲထည့်ပြီးဆား ထမင်းနှင့်ပုဇွန်တို့ကို နယ်ပေးပါ
  7. နယ်ပြီးသောပုဇွန်ကို ကော်ဗူးသန့်သန့်ထဲ ဖိသိပ်ပြီးထည့်ပေးပါ
  8. အပေါ်မှာနေရာလွတ်နေပါက အသုံးမပြုရသော ပလစတစ်စများ ထိုးထည့်ပြီး ဗူးဖုံးကို လုံအောင်ပိတ်ထားပါ
  9. ပုဇွန်ထည့်ထားသော ဗူးကို အိမ်မှာ အခန်းအပူချိန် အများဆုံးရှိတဲ့ မီးဖိုဆောင်အခန်းမှာ ထားပေးပါ
  10. ၃ရက်လောက်နေရင် အရည်များ ထွက်လာပါလိမ့်မယ် ထွက်လာတဲ့အရည်ကို ဗူးမှောက်ပြီး စစ်ထားပေးပါ
  11. ၄ရက်၅ရက်လောက်နေရင် စားလို့ရပါပြီ
ပုဇွန်ချဉ်သုပ်နည်း
  • ပုဇွန်ချဉ်ကို ဗူးထဲက ထုတ်ပေးပါ
  • ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်း စားနိုင်သလောက် လှီးထားပါ
  • နံနံပင်ကို ကြိုက်သလောက် လှီးထားပါ
  • ဇလုံတလုံးထဲမှာထည့်ပြီး ပဲဆီ ထမင်းစားဇွန်း တဇွန်း ဆမ်းပြီး နယ်ပေးပါ
  • ပုဇွန်ချဉ်မှာ အငံပါပြီးသားမို့ ဆားထည့်ရန်မလိုပါ။





1 comment:

  1. Ma Ma Mar,

    Thank you very much. Thank you for your goodwill in sharing the traditional recipes.

    ReplyDelete