Saturday 17 October 2015

ပုဇွန်လှော်သုပ်


ဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပုဇွန်ထုတ်တွေ ဝယ်လာပြီး ပုဇွန်ကို လှော်ကာသုပ်စားဖြစ်လို့ ထမင်းမြိန်မြိန် စားနိုင်အောင် ချဉ်ငံစပ် ပုဇွန်လှော်သုပ် သုပ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။


တစ်ပွဲစာ ပါဝင်ပစ္စည်းများ

  1. သံပုရာသီး - တစ်စိတ်
  2. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  4. ဂေါ်ဖီ - အနေတော် တစ်စိတ်
  5. နံနံပင် - အနေတော် နှစ်ပင်
  6. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမ်းစားဇွန်း တစ်ဇွန်း
  8. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  10. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 

ပုဇွန်လှော်ရန်
  • ပုဇွန်များကို ရေစင်အောင် ဆေးပေးပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ပုဇွန်ထုတ်နှင့် ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့ထိ လှေ်ပေးပါ
  • လှော်ပြီးသား ပုဇွန်များကို အအေးခံပြီး အခွံခွာထားပါ
ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • အခွံခွာထားသော ပုဇွန်နှင့် အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ပုဇွန်ထုတ် ဂေါ်ဖီ ကြက်သွန်နီ ပဲအကျက်မှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် ဟင်းချိုမှုန့် ဆီချက် နံနံပင် သံပုရာရည် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး  လိုသလိုပြင်ကာ ချဉ်ငံစပ် ပုဇွန်သုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment