Sunday 11 October 2015

သရက်သီး ရွှေလံဘိုငရုတ်သီး ပုဇွန်လှော်ထောင်း ငါးပိရည်ဖျော်


ကုလားအော်ငရုတ် သို့မဟုတ် 
နာဂအခေါ် ရွှေလံဘို ငရုတ်သီးပင်

မာမာ့ခြံထွက် ငရုတ်ပင်








ခြံထွက်ငရုတ်လေးတွေ မှည့်လာတော့ အရင်ဆုံးစားချင်မိတာက ငါးပိရည်လေးဘဲ စိတ်ထဲကို ရောက်လာပါတယ် ဒီတော့ကာ အရင်ဆုံး ခြံထဲဆင်း မုံလာရွက် ကြက်ဟင်းခါးသီးလေးတွေခူးပြီး ပြုပ်ကာ တို့စရာအတွက် ပြင်ဆင်လိုက်ပါတယ်။

ပြီးတာနဲ့ ငါးပိရည်ကျို အဖျော်အတွက် လိုတာလေးတွေ ပြင်ဆင်ပြီး စပ်လွန်းလို့ လျှာဂျွမ်းပြန်စေမဲ့ သရက်သီးထောင်း ငါးပိရည်လေး ဖျော်လိုက်မိပြီမို့ ဖျော်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ရွှေလံဘို ငရုတ်သီး - ၅တောင့်
  3. သရက်သီးစိမ်း - ခပ်သေးသေး တစ်လုံး
  4. ပုဇွန်လှော် - ၃ကောင်
  5. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကျိုပြီးသား ငါးပိရည် ပန်းကန်ကို ပြင်ထားပါ။
  2. သရက်သီးကို အခွံခွာပြီး အနေတော် စိတ်ထားပါ။
  3. ပုဇွန်လှော်ကို အခွံခွာထားပါ။
  4. ငရုတ်သီးနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ။
  5. ပုဇွန်လှော်ကို ငရုတ်ဆုံထဲထည့်ပြီး အရင်ထောင်ပေးပါ
  6. ပြီးတာနဲ့ ငရုတ်သီးနှင့် သရက်သီးကို ထည့်ထောင်းပေးပါ
  7. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည် ပန်းကန်ထဲထည့်ကာ အရသာ သမအောင် ဖျော်ပေးပါ။
  8. မိမိနှစ်သက်ရာ တို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေးကို ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment