Sunday, 25 October 2015

ပဲပေါင်း စိမ့်စိမ့်လေး



ပဲပေါင်းလုပ်နည်းလေး ပြောပြချင်ပါတယ် ပဲကြီးဟင်းချက်တဲ့ ပဲကို နူးနေအောင် ပြုပ်ပြီးလုပ်ထားတာပါ တခြားပဲတွေကို လုပ်လို့ရပေမဲ့ ဒီပဲလောက် အရသာမကောင်းလှပါဘူး ကလေးလူကြီး နှစ်သက်မဲ့ ပဲပေါင်းဟင်းမို့လို့ ပဲပေါင်း စိမ့်စိမ့်လေး လုပ်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြီး LIMA BEEANS - 500g
  • ကြက်သွန်နီ - အလုံးကြီးကြီး တလုံး
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်တလုံး
  • ဆား လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. ပဲရဲ့အထက် ရေလက်တထွာလောက် ရေမြုပ်အောင်ထည့်ပြီး တညရေစိမ်ထားပါ
  2. နောက်နေ့မနက်မှာ ပဲများပွလာပါက အခွံကို တစေ့ချင်းထွင်ပေးပါ
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါလှီးထားပါ
  4. အားလုံးပြီးတာနဲ့ ဇောက်နက်နက်အိုးထဲမှာ ထည့်ပြီး နူးအောင်ပြုပ်ပေးပါ
  5. ပဲများ နူးအိလာပါက ဇွန်းနှင့် ဖိပြီးချေထားပေးပါ
  6. ဒယ်အိုးတလုံးထဲမှာ ဆီထည့်ကာ အပူပေးပါ
  7. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီ ကြက်သွန်နီကို ထည့်ကြော်ပြီး ကြွတ်လာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  8. ကြက်သွန်ကြော်လို့ ပိုတဲ့ဆီထဲမှာ ပြုပ်ပြီး ချေထားသော ပဲများကို ထည့်ကြော်ပေးပါ
  9. ပဲများကို အဆက်မပြတ်မွှေပေးပြီး ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပေးပါ
  10. ပဲများအိလာပြီး မွှေးလာပြီဆိုတာနဲ့ ကြော်ထားသော ကြက်သွန်နီကြော် ကို ပဲပေါင်းအပေါ်မှဖြူးပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment