Monday, 19 October 2015

ကြက်ဥ ပုဇွန်ခြောက်နှပ်


မာမာ့ သားနဲ့သမီး အရမ်းကြိုက်တဲ့ ဟင်းတမျိုးပါ ကြက်ဥဆို ဘယ်လိုချက်ချက် ကြိုက်ကြပြီး အခုလို ပုဇွန်ခြောက်မှုန့်နဲ့ကြော်နှပ်လေးချက်ရင်တော့ ခေါင်းမဖော်တမ်း စားကြတာမို့ ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၅လုံး (  ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ပါတ်လည် မွှန်းထားပါ )
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ပါးပါးလှီးပြီး ရေဆေးထားပါ )
  • ချင်း လက်တဆစ်ခန့် (ခပ်ပါးပါး ခပ်ရိတ်ရိတ်လှီးထားပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၉ဇွန်း
ပြင်ဆင်ပုံ
  1. ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  2. ဆီပူလာတာနဲ့ လှီးထားသော ချင်းနှင့် ကြက်သွန်နီကို နွမ်းသွားအောင် ကြော်လိုက်ပါ
  3. ကြက်သွန်နွမ်းတာနဲ့ ကြက်ဥ အချိုမှုန့် ငံပြာရည် ပဲငံပြာရည်တို့ကို ထည့်မွှေပါ
  4. တမိနစ်လောက် မွှေပြီးတာနဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီးမွှေပေးပါ
  5. အားလုံး ၂မိနစ်လောက် ချက်ပေးပြီးပါက ကြက်ဥပုဇွန်ခြောက်နှပ် ချိုချိုမွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment