Monday, 19 October 2015

ငါးဖယ်အောင်း ငါးပိကောင်



မြန်မာအစာလေးတွေမှ နှစ်သက်သူတို့အတွက် ကိုယ်တိုင်လုပ်နည်းနဲ့ ငပိကောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးပိကောင်လုပ်ရန်

  • ငါးဖယ်အောင်းငါး - အကောင်ကြီးကြီး ၂ကောင်
  • ဆား - ထမင်းစားဇွန်း ၈ဇွန်း

ငါးပိကောင်ကြော်ရန်

  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၀မွှာ (မညက်တညက်ထောင်းထားပါ)
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

ငါးကို ဗိုက်ခွဲပြီး အစာအိတ်များဖယ်ကာ ဆားများများ
ထည့်နယ်ပြီး ပလပ်စတိတ်အိတ်ထဲထည့်၍ အပေါ်မှ
ခပ်လေးလေး ပစ္စည်းဖိပြ်ီး သုံးလေးရက်လောက် ထားပေးပါ

အလေးဖိထားစဉ် ထွက်လာသော အရည်များကိုဖယ်ပြီး
ငါးပိကောင်ဖြစ်သွားပြီဆိုရင် ရေစင်အောင်ဆေးပေးပါ

ဆီကို အပူပေးပြီး နနွင်းမှုန့် အနည်းငယ်ထည့်ကာ
ငါးပိကောင်ကိုထည့်ပြီး မီးအနေတော်နှင့်ကြော်ပေးပါ

တစ်ဖက်ကျက်လျှင် တစ်ဖက်ကိုလှန်ပြီးကြော်ပေးပြီး ဆီစစ်ထားပါ

ငါးပိကောင် ကြော်လို့ ပိုတဲ့ဆီထဲမှာ ကြက်သွန်ဖြူထောင်းကို
အရင်ဆုံးဆီသတ်ပြီး မွှေးလာတာနဲ့ ငရုတ်သီးလုံးခြမ်းခွဲကို
အချိုမှုန့်အနည်းငယ်ထဲ့ကာကြော်ပေးပါ

ငရုတ်သီးကြော်လေးနဲ့ငါးပိကောင်ကြော်မွှေးမွှေးလေးရပါပြီ

6 comments:

  1. အရမ်းကြိုက်မမာရေ။
    အိုင်အိုရာ

    ReplyDelete
  2. အရမ်းကြိုက်တာ ဒီမှာငါးလဲဝယ်မရဘူး ငပိကောင်လဲဝယ်မရလို့ မစားရဘူး မလေးရှားမှာတုန်းကစားရသေးတယ် အိမ်ကပို့ပေးလို့ပါ မေမေကတော့ပို့ပေးမယ်ပြောတယ် နွေကြရင်တဲ့ .....ခုတော့မမမာရဲ့ပုံလေးကြည့် သရေကျပြီးပြန်ခဲ့တယ်

    ReplyDelete
  3. ကျွန်တော့်အမေ အရမ်းကြိုက်တာ အမြဲကြော်ပေးရတရ်
    ငပိကောင်လုပ်င်္ပြးသားပေါ့ ကွကိုယ်တော့ မလုပ်ချင်ဘူးလေ ငါးကိုင်တာတင်တိုင်ပတ်နေမှာ

    ReplyDelete
    Replies
    1. ငါးပိကောင်လုပ်ရင် ငါးကိုရေစင်အောင်ဆေးပြီး ဗိုက်ခွဲပြီး မလိုတာတွေထုတ် ဆားနဲ့ ဗိုက်ထဲသိပ် အကောင်လိုက်ကိုနယ်ပေးပြီး ဘလော့မှာ ရေးထားတဲ့ နည်းအတိုင်း လုပ်ပါ လွယ်ပါတယ်

      Delete
  4. Like. What kind of fish do you use for this recipe? How do you call in English?

    ReplyDelete
    Replies
    1. ငါးဖယ်အောင်းကို
      Smelt@ Siamese River abramine လို့ ခေါ်ပါတယ်
      ငါးဖယ်အောင်းကို ငါးပိကောငိဒ်အပြင် ငရုတ်သီးနဲ့ ချက်စားနိုင်ပေမဲ့ ငါးပိကောင်လောက်တော့ စားမကောင်းဘူးရယ်နော့

      Delete