Tuesday, 20 October 2015

ကြက်ချိုချဉ် အစိမ်းကြော်


ဟင်းအမယ် တမျိုးထဲ ချက်မယ်လို့ စိတ်ကူးတဲ့နေ့ဆိုရင် အခုလို ချိုချဉ်ကြော်လေး ကြော်တတ်ပါတယ် အပြင်အစာတွေ သိပ်မစားတတ်လေတော့ အခုလို တွေးရင်တောရင်း ပေါ်လာတတ်တဲ့ ချိုချိုချဉ်ချဉ်လေးက ထမင်းကို မထင်မှတ်ဘဲ မိန်စေတတာတာမို့ ကြော်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီး ခပ်ပါးပါးလှီးထားသော ကြက်သား - 150g
  • အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးစိပ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  • အရှည်လိုက် လှီးထားသော မုံလာဥနီ - အနေတော် တဥ
  • အနေတော်လှီးထားသော ပဲသီး - ၁ုတောင့်
  • တလက်မစီလောက် လှီးထားသော တရုတ်နံနံ - ၂ပင်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ချယ်ရီ ခရမ်းချဉ်သီး - ၅လုံး
  • ခရမ်းချဉ်သီးဆော့ ထမင်းစားဇွန်း ၂ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း (ချိုချဉ်ကြော်ရန် )
  • သစ်ရွက်ဆီ လက်ဖက်ရည် ပန်းကန်လုံးတလုံး( ကြက်သားကြော်ရန် )
ကြက်သားအရသာနယ်ရန်
  1. ကြက်သားကို ပြောင်းကော်မှုန့် ထမင်းစားဇွန်းတဇွန်း ရေအနည်းငယ်နှင့် ခပ်ပြစ်ပြစ် နယ်ထားပါ
  2. ဆီကို အပူပေးပြီး ကြက်သားကို ဇွန်းနှင့်ခပ်ပြီး တတုံးခြင်းကြော်ပေးပါ
  3. ရွှေဝါရေင် သန်းလာလျှင် ဆယ်ပြီးဆီစစ်ပေးပါ
ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပါ
  • မိနစ်ဝက်ပြည့်တာနဲ့ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ
  • တမိနစ်လောက် ကြော်ပြီးတာနဲ့ ကြက်သားကြော် ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တမိနစ်လောက် ရပြီဆိုတာနဲ့ခရမ်းချဉ်သီးနှင့် တရုတ်နံနံတို့ ထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment