Sunday 18 October 2015

သီးရွက်စုံ ပဲကြာဇံကြော်




ပဲကြာဇံကြော် စားချင်စိတ်ပေါ်လာတာနဲ့ ကြော်ဖြစ်သွားတာမို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
  1. ပဲကြာဇံ - 100 g
  2. ပဲတောင့်ရှည် - ၈တောင့်(ရေဆေးပြီးလှီးပါ)
  3. မုံလာဥနီ - အနေတော်တစ်ဥ(ရေဆေးပြီးလှီးပါ)
  4. မှိုခြောက် - ၃ခု (ရေစိမ်ပြီးအနေတော်ထွင်ထားပါ)
  5. ပဲလိပ် - ၁ချပ် (ရေ နာရီဝက်လောက် စိမ်ပြီး အနေတော် လှီးထားပါ )
  6. မုန့်ညှင်းဖြူ - ၂ရွက် (အနေတော် လှီးထားပါ)
  7. ဘေဘီပြောင်းဖူး - ၄ဖူး
  8. တရုတ်နံနံ - ၁ပင် (အနေတော် လှီးထားပါ)
  9. ကြက်သွန်ဖြူ - ၂ မွှာ (ဒါးပြားရိုက်ထားပါ)
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  15. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ကြာဇံ ပဲလိပ် မှိုခြောက်တို့ကို ရေစိမ်ထားတာပါ
  2. အသီးအရွက်များကို ရေဆေးပြီးလှီးဖြတ်ထားထာပါ
  3. မီးအနေတော်နှင့် တည်ထားသော ဆီပူပူတွင် ကြက်သွန်ဖြူကိုထည့်ကြော်ပါ 
  4. ပြီးမှမုံလာဥနီနှင့် ပဲသီးကို ထည့်ကြော်ပါ
  5. မုံလာဥနီနှင့် ပဲသီးနွမ်းလျှင် ပဲကြာဇံ မှိုခြောက် ပြောင်းဖူး ပဲလိပ်နှင့် မုန်ညှင်းဖြူတို့ ထည့်ကြော်ပေးပါ
  6. ဆား ဟင်းချိုမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက်တို့ထဲ့ကာ ကြော်ပေးပြီး အပေါ့အငံမြည်း၍ နောက်ဆုံးမှ တရုတ်နံနံထည့်ပြီးမွှေပါ 
  7. အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment