Saturday 17 October 2015

ဆိတ်သားပြုပ်ကြော်



ဒီနေ့တော့ ဆိတ်သားကိုပြုပ်ပြီး ပြုပ်ကြော်လေးလုပ်ထားပါတယ် ကြက်သား ပုဇွန်နဲ့ငါးတို့ကိုဘဲ အစားများတဲ့အတွက် နေ့စဉ်ဟင်း အမယ်လေးတွေက ဒါတွေဘဲ ထပ်နေလေတော့ အပြောင်းအလဲ တခုဖြစ်အောင် ချက်လိုက်တာပါ။

ပြီးတော့မာမာတို့ မိသားစုက စားတတ်တဲ့ မြန်မာအစာကိုဘဲ နေ့စဉ်ချက်ပြုပ် စားကြတဲ့အတွက်ကြောင့် မြန်မာအစာရှားတဲ့ ဒေသမှာ ဟင်းရန်ရှားတာ သဘာဝပါတခုပါဘဲ ဒါကြောင့်မို့ ဒီနေ့တော့ ဆိတ်သားကို ပြုပ်ကြော်လေးလုပ်လိုက်တာ စားလို့ကောင်းလွန်းလို့ ပြုပ်ကြော်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

လေးယောက်စာ
ဆိတ်သားအရသာနယ်ရန်
  • ဆိတ်သား - 500g
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ချင်း - နှစ်ပြား
  • ရှာလကာရည် - ထမင်းစားဇွန်း တဇွန်း
ဆိတ်သာပြုပ်ကြော်လုပ်ရန်
  • ပဲဆီ - ထမင်းစားဇွန်း  ငါးဇွန်း
ပြင်ဆင်ပုံ
  1. ဆိတ်သားကို ရေဆေးပြီး အနေတော် အတုံးလေးများတုံးကာ ရှာလကာရည်နှင့်နယ်ပါ
  2. ပြီးမှ နနွင်း ဆား ဟင်းချိုမှုန့် တို့နဲ့ အရသာဝင်အောင် နယ်ပေးပါ
  3. အရသာဝင်တာနဲ့ ချင်းပြားနှင့် ရေ အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  4. အိုးမကပ်စေရန် သတိထားတည်ပေးပါ
  5. လုံးရည်ခမ်းတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့ထိ ပြုပ်ပေးပါ
  6. အသားနူးလာပြီး ရေမခမ်းခင်လေးမှာ ဆီကို ထည့်ပြီ မွှေပေးပါ
  7. ရေလည်းခမ်း ဆီလည်း ကြွတ်ကြွတ်မြည်လာပြီဆိုရင် ဆိတ်သားပြုပ်ကြော် အိအိလေးရပါပြီ။
  8. ဤနည်းအတိုင်း သိုးသား အမဲသားတို့ကို ချက်နိုင်ပါတယ်။

No comments:

Post a Comment