Friday, 30 October 2015

ကြက်ဥကြော် ချဉ်ရည်ဟင်း



ကြက်ဥချဉ်ရည်ဟင်းကို အမျိုးမျိုးချက်ကာ စားကြတဲ့အထဲက ဒီချက်နည်းလေးက ကြက်ဥကို ကြော်ပြီးမှ ပြန်ချက်တဲ့ နည်းလေးပါ  ချက်နည်းကတော့ အရင် ကြက်ဥချဉ်ရည်ဟင်း ချက်နည်းအတိုင်းအတိုင်းပါဘဲ ကြက်ဥကို အလုံးလိုက် ဖောက်ပြီး ကြော်တဲ့ ချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်သော ပစ္စည်းများ

  • အလုံးလိုက်ဖောက်ကြော်ထားသော ဘဲဥ( သို့) ကြက်ဥ - ၆လုံး
  • အခွံခွာပြီး ရှစ်စိတ်စိတ်ကာ ရေဆေးထားသောအာလူး - အနေတော် ၃လုံး
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်တဆစ်
  • ရေစိမ်ထားသော မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  • မဆလာ - အနေတော်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ ဇွန်း
ချက်နည်းလေးကိုပြောပါမယ်
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥများကို တလုံးခြင်း ဖောက်ကြော်ပြီး ဆယ်ထားပါ
  • ကြက်ဥကြော်ထားသော ဆီထဲမှာဘဲ ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ထဲ့ကာ မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ အာလူးကိုထဲ့ပြီး ငါးငံပြာရည် တခါထဲထဲ့ပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့သင်းလာပြီး အာလူးအရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ အာလူးနူးအောင်တည်ပေးပါ
  • အာလူးနူးလာတာနဲ့ ကြက်ဥကြော်ပြီးသားကို အရင်ထည့်ကာ မကျီးသီးမှည့်အရည်ထဲ့ပြီး ရေဆူအောင် ဆက်တည်ပြီး ဆီကျန်ရေကျန်ထားပြီး မဆလာအုပ်ကာ မီးပိတ်ပေးနိုင်ပါပြီ။



No comments:

Post a Comment