Monday 19 October 2015

ချင်း ကြက်သွန်ဖြူနှပ် ကြက်သားကြော်


ကြက်ပေါင်ရင်းသား ကြွတ်ကြွတ်မွှေးမွှေးလေး ကြော်စားလိုက်တာ ကလေးလူကြီး ကြိုက်နှစ်သက်မယ်ထင်လို့ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

  • အရည်ခွံပါသော ကြက်ပေါင်ရင်းသား - ၃တုံး
  • ချင်း - ခပ်ပါးပါး ၂ပြား ထောင်းထားပါ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သွန်ဖြူ  - ၅မွှာ ထောင်းထားပါ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို ရေဆေးပြီး ကြက်သားမှုန့် နနွင်းမှုန့်ငရုတ်ကောင်းမှုန့်  ချင်းထောင်းတို့နှင့်ချင်းထောင်း တို့နှင့် နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပါ                  
  • ဆီကိုအပူပေးပါ ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို ထည့်ကြော်ပေးပါ
  • အပေါ်ယံ အသားနည်းနည်းမာလာမှ တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကြော်နေစဉ် ကြက်သွန်နှင့်ချင်းဖတ်များ ဘေးကိုထွက်လာလျှင် အပေါက်ပါသော ဇွန်းဖြင့် ဆယ်ပြီး ခပ်ထားပါ
  • တဖက်က ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တဖက်လဲ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ 
  • အားလုံးကျက်သွားပါက ချင်းနှင့် ကြက်သွန်ကြော်လေးများ ဖြူးပြီး စားသုံးရန်ပြင်ပေးပါ
  • အရည်ခွံ ကြွတ်ကြွတ်လေးနဲ့အသားအိအိ ကြက်ပြုပ်ကြော်လေးကို လိုသလို သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment