Monday 19 October 2015

ဟင်းနုနွယ်ရွက်ကြော်


တစ်ခါတလေမှာ အသီးအရွက်လေးတွေချက်တိုင်း သတိထားရတာလေးတွေ ရှိတတ်ပါတယ် အရွက်လေးတွေ မသင်ခင်မှာ အပင်လိုက်ကို ရေအရင်ဆေးပြီးမှ သင်ပေးတာ အကောင်းဆုံးပါ။

ဘာလို့အပင်လိုက် ရေအရင်ဆေးလဲဆိုရင် အရွက်တွေမှာကပ်နေတဲ့ ပိုးသတ်ဆေးတွေ အရင်ဆုံး စင်စေချင်လို့ပါဘဲ။

အရွက်တွေ သင်ပေးပြီးရင်လဲ ဇလုံထဲမှာ ရေနဲ့ဆားအနည်းငယ်ထည့်ပြီး အရွက်ထည့်ကာ ရေနာဝက်လောက် စိမ်ပေးပါ အခုလို စိမ်ပေးခြင်းကြောင့် အရွက်တွေမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေ ကပ်နေတာ စင်စေချင်လို့ပါဘဲ။

အရွက်ကြော်တာကတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ပြီး ကြော်တာဘဲမို့ လွယ်လွယ်ကူကူနဲ့ ကြော်လို့ရပါတယ်။

ပါ၀င်ပစ္စည်းများ

ဟင်းနုနွယ်ပင် - ၁၀ပင်ခန့်
ကြက်သွန်နီ - အနေတော် တခြမ်း
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (အရွက်ကြော်ထဲထည့်ရန် )
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရွက်ရေစိမ်ထဲထည့်ရန် )
ဆီ - ထမင်းစားဇွန်း ၃ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ
ပုဇွန်ခြောက် - ဆယ့်ငါးကောင်ခန့်
ပြင်ဆင်ပုံ
ဟင်းနုနွယ်ရွက်ကို အရင်ဆုံး အပင်လိုက် ရေဆေးပေးပါ
ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
ပြီးတာနဲ့ အပင်မှ အရွက်များကို အရင်ဆုံး ဖြတ်ပေးပါ
ပြီးတာနဲ့ အပင်ကို အလယ်မှခြမ်းပြီး အနေတော် ပိုင်းဖြတ်ကာ မာနေသော အကြောမျှင်များကို ဖယ်ထားပေးပါ
ထွင်ထားသော အရွက်များကို ဇလုံထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ဆားထည့်မွှေပေးပြီး အရွက်ထည့်ကာ နာရီဝက်ခန့် စိမ်ထားပါ
ထိုသိုရေ့စိမ်ထားပါက အရွက်မှာ ကပ်နေသော ပိုးကောင်လေးတွေ ထွက်လာတတ်ပါတယ်
ပုဇွန်ခြောက်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီနှင့် ပုဇွန်ခြောက်တို့ကို နွမ်းရုံလေး ထည့်ကြော်ပါ
ပြီးတာနဲ့ ဟင်းနုနွယ်ရွက်များထည့်ပြီး ဆားနှင့် အရသာမှုန့်ထည့်မွှေပါ
နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့အရွက်များ နူးစေရန် ရေအနည်းငယ် ထည့်မွှေကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေအရမ်းမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
ပြီးတာနဲ့ သံဓါတ်တွေ အများကြီပါတဲ့ ဟင်းနုနွယ်ရွက်ကြော်ကို ပူနေတုန်းလေး မိမိနှစ်သက်သလို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment