Saturday, 17 October 2015

နန်းကြီးသုပ်



နန်းကြီးသုပ် သုပ်စားမယ်လို့ စိတ်ကူးတိုင်း လူမညီတာရယ်ကြောင့် မစားဖြစ်တာက များပါတယ် အခုတော့ စားချင်စိတ်လေးကို ပါရမီဖြည့်ရင်း ချက်ပြုပ်ပြင်ဆင်လိုက်ပြီမို့ မာမာချက်နဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၁၀ယောက်စာ)
  • နန်းကြီးမုန့်ဖတ် - 1500 g
ကြက်သားအရသာနယ်ရန်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သား - အရိုးမပါ ၄၀ကျပ်သား

ဟင်းချက်ရန်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ကြက်သား - (3 cm လောက် အတုံးလေးများ တုံးပေးပါ)
  • ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ - အလုံးကြီးကြီးငါးလုံး (ဟင်းအနှစ်ရရန် အစိတ်သေးသေးလေးများ တုံးထားပါ)
  • ကြက်သွန်ဖြူ - ၁၅မွှာ (မညက်တညက်ထောင်းပေးပါ)
  • ဆီ -လက်ဖက်ရည် အကြမ်းပန်းကန် သုံးလုံးခွဲ
  • နနွင်း - လက်ဖက်ရည်ဇွန်း သုံးတပုံ
  • အုန်းနို့ - 175 ml
အသုပ်ထဲထဲ့ရန်
  • ကြက်သွန်နီ -နှစ်လုံး (နန်းကြီးသုပ်ထဲ ထည့်စားရန် ပါးပါးလှီးပြီးရေဆေးထားပါ)
  • ချက်ပြီးသား ကြက်သားဟင်း
  • ဘဲဥ(သို့)ကြက်ဥ -  ဆယ်လုံး (ပြုပ်၍အခွံခွာပြီး လှီးထားပါ)
  • သံပုရာသီး -  သုံးလုံး (အစိတ်လေးများ စိတ်ပေးပါ)
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  • ငရုတ်သီးအကျက်မှုန့် - ထမင်းစားဇွန်း ၅ဇွန်းခန့်
  • ငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း
  • နံနံပင် - ဆယ့်ငါးပင် (ပါးပါးလှီးပေးပါ)
  • အကြွတ်ကြော် - တရုတ်ဟင်းရေသောက် ပန်းကန်လုံးကြီး တလုံးစာတို့လိုပါတယ်
ကြက်သားချက်ရန်
ကြက်သားကို အတုံးလေးများတုံးပြီး ဆား ငံပြာရည် နနွင်း
ဟင်းခတ်မှုန့် သကြားတို့နှင့်နယ်ပြီး တစ်နာရီလောက်နှပ် ထားပါ
ကြက်သွန်နီကို အတုံးလေးတွေလှီးပြီး ကြက်သွန်ဖြူကို
ထောင်းပေးပါ ငရုတ်စိမ်းမှုန့် အုန်းနို့တို့ကိုပြင်ထားပါ
မီးအနေတော်နှင့် တည်ထားသော ဆီပူအိုးတွင်ကြက်သွန်ဖြူ နီ
 ငရုတ်သီးတို့ကို ငရုတ်သီးနံ့သင်းလာတဲ့ ထိဆီသတ်ပေးပါ
ငရုတ်သီးနံ့သင်းလာလျှင်နှပ်ထားသော
 ကြက်သားကို ထည့်ပြီးဆီသတ်ပါ
ကြက်သားများအရောင်ပြောင်းပြီး
ခပ်တင်းတင်းလေးဖြစ်လာအောင်ချက်ပေးပါ
ကြက်သားများ မာတင်းတင်းလေးဖြစ်လာလျှင်
အုန်းနို့နှင့်ရေအနည်းငယ်ကို ထည့်ပြီးဆက်တည်ပေးပါ
အုန်းနို့နှင့်ရေခမ်းလျှင် ဆီပြန်လာပြီမို့ မီးပိတ်နိုင်ပါပြီ
နန်းကြီးဖတ် လုပ်ဖို့ခေါက်ဆွဲဖတ်ထုတ်ပါ
 ရေနွေးဆူဆူမှာ တမိနစ်လောက်ဖျော ပြီးရေပြန်စစ်ထားလိုက်ပါ
သူ့ကိုဆီပူပူမှာကြော်လိုက်ရင်နန်းကြီးသုပ်ထဲ
ထည့်စားတဲ့အကြွတ်ကြော်လေးရပါတယ်
ဆီပူပူမှာကြော်လိုက်တာပါ အဝါရောင်ကြိုက်လျှင်နနွင်းမှုန့်ထဲ့ကြော်ပါ
အားလုံးအဆင်သင့်ဖြစ်ပါက ဇလုံကျယ်ကျယ်ထဲမှာ
အမယ်စုံအောင်ထဲ့ပြီး ကိုယ်ကြိုက်သလိုနယ်ဖတ် စားနိုင်ပါပြီ
တစ်ချို့ကအုန်းနို့ခေါက်ဆွဲ ဟင်းရည်လေးထည့်ပြီး နယ်ကြပါတယ် ရွဲရွဲလေးနဲ့ပိုပြီး စားကောင်းပါတယ်
ဒီမှာကတော့ အုန်းနို့ကို ကြက်သားထဲ ထည့်ချက်ထားလို့ ဟင်းရည်နဲ့မနယ်ဘဲ ကြက်သားဟင်းအနှစ်နဲ့ဘဲနယ်
လိုက်ပါတယ် သူကလဲ အရသာတစ်မျိုးမို့ စားလို့ကောင်းပါတယ် နန်းကြီးသုပ်လျှင် မကျီးရည်မသုံးရပါ သံပုရာသီး ရှောက်သီးတို့နှင့်ဘဲသုပ်ပါ ပိုမွှေးပါတယ်။


No comments:

Post a Comment