Tuesday 20 October 2015

ဆန်ကြာဇံကြော်


ဆန်ကြာဇံကြော်လေး ကြော်ဖြစ်လို့ သိပ်မထူးဆန်းတဲ့ အိမ်ကြော်နည်းလေးအတိုင်း ကြော်ထားပေမဲ့ စားလို့ကောင်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ကြော်ရန်အတွက်

  1. ၅နာရီခန့်ရေမြုပ်အောင် စိမ်ထားသောဆန်ကြာဇံ - 150 g
  2. အနေတော် လှီးထားသော ပဲသီး - ၅တောင့်
  3. ခပ်ထူထူ လှီးထားသောပန်းဂေါ်ဖီ - နှစ်သက်သလောက်
  4. အရှည်အမြှောင်း ရအောင် လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်နံနံ - အနည်းငယ်
  6. ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
  7. ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
  8. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  9. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. သကြား -  ထမင်းစားဇွန်း တစ်ဇွန်းမရှိတစ်ရှိ
  11. ကြက်ဥ - နှစ်လုံး
  12. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်

ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကိုရေစစ်ပြီး ငံပြာရည် ပဲငံပြာရည် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီးကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 
    •  
  • ကြက်သွန်ဖြူနံ့ မွှေးလာပါကပဲသီး မုံလာဥနီ ပန်းဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီးရောကြော်၍ ကြာဇံပျော့လာပြီဆိုတာနဲ့ဘေးကိုတွန်းထားပြီး ကြက်ဥကိုဖောက်ထည့်ကာ အနှစ်ဖောက်ပြီး တ၀က်ကျက်အောင်ကြော်ပြီး တရုတ်နံနံ ထည့်အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်ဆိုရင်ကြက်ဥ ကြာဇံကြော်လေး ရပါပြီ

No comments:

Post a Comment