Monday, 19 October 2015

ငါးရှဥ့်ခြောက် ချဉ်စပ်ကြော်



ငါးရှဥ့်ခြောက် ချဉ်စပ်ကြော်ကို မရမ်းပြားလေးနဲ့ ချက်ဖြစ်တာမို့ လက်နည်းနည်းဝင်ပေမဲ့ စားလို့ကောင်းလွန်းလို့ ချက်နည်းလေးနဲ့အတူ ငါးရှဉ့်ခြောက်စပ်ဟင်းကို ပို့ခဲ့ပါပြီ။


ပါဝင်ပစ္စည်းများ

  • ငါးရှဥ့်ကြပ်တိုက် -  အကောင်ကြီးကြီး ၁ကောင်
  • မရမ်းပြားအခြောက် - ၁၅ပြားခန့်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • အရသာမှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
  • ငရုတ်သီး လုံးကြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ငါးရှဥ့်ကပ်တိုက်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပြီး နူးလာပါက အရိုးထွင်ပြီး အသားကို မွှထားပါ
  • မရမ်းပြားအခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးဇောက်နက်နက်ထဲ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့် ထည့်ပါ
  • ပြီးတာနဲ့ ကြက်သွန်အဖြူအနီကို အရင်ဆုံး တမိနစ်လောက် ကြော်ကာ ငရုတ်သီးမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ
  • ထွင်ထားသေား ငါးအသားများထည့်မွှေပြီး ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်မွှေပါ
  • အားလုံး သမပြီဆိုတာနဲ့ မရမ်းပြားကို စိမ်ထားသော ရေမှာ လှုပ်ဆေးပြီး မရမ်းပြား အဖတ်များကို ဟင်းအိုးထဲ ထည့်မွှေပေးပါ
  • ရေကို ငါးမြုပ်လောက်အောင်ထည့်ပြီး အိုးမကပ်အောင် မကြာမကြာမွှေပေးကာ ဆီပြန်ပြီး ကြွတ်လာတဲ့အထိ တည်ပေးပါ
  • ဟင်းရည်ခမ်းပြီး ငါးရှဥ့်ချက် ကြွတ်မွှလာပါက ငါးရှည့်ခြောက် ချဉ်စပ်ကြော်ဟင်းကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။


No comments:

Post a Comment