Thursday 15 October 2015

ပုဇွန်ခြောက် ငါးပိထောင်း


ဒီငါးပိထောင်းလေးကတော့ ရိုးရိုးလေး ထောင်းထားပြီး ငါးပိထောင်းသက်သက် ထမင်းနဲ့စားနိုင်သလို ငါးပိထောင်းကို ကြက်သွန်နီ သံပုရာသီးတို့နဲ့ သုပ်စားနိုင်အောင် ထောင်းထားတာမို့ ကြာရှည်ခံ ငါးပိထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်းခွဲ
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး ၁၅ကောင်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  4. ငရုတ်သီးစိမ်း - ၁၅တောင့်
  5. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို ပန်းကန်ထဲမှာထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မွှေးလာအောင် လှော်ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. ပုဇွန်ခြောက်ကို ရေဆေးထားပါ
  5. အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးပါ
  6. ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
  7. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီး အလှော်မှုန့် တို့ ထည့်ထောင်းပါ
  8. ပြီးတာနဲ့  ပုဇွန်ငါးပိထောင်း မွှေးမွှေးလေးကို ဗူးသန့်သန့်လေးထဲမှာ ထည့်ပေးပြီး ရေခဲသေတာထဲမှာ ထည့်ပေးပြီး သိမ်းထားလို့ ရပါပြီ။

No comments:

Post a Comment