Saturday, 17 October 2015

သခွားသီးသုပ် စပ်စပ်လေး


တနေ့တနေ့ ဘာချက်ရင်ကောင်းမလဲ စဉ်းစားရခက်နေရင် အလွယ်တကူ ထမင်းစားလို့ မိန်စေတဲ့ သခွားသီးသုပ်လေးဘဲ သုပ်ဖြစ်တာက များပါတယ် သုပ်နည်းကတော့ အိမ်မှာ သုပ်စားနေကျ ပုံစံအတိုင်းဘဲလေးဘဲ သုပ်ထားမို့ ဒီနည်းလေးကိုဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေစင်အောင်ဆေးပြီး ခြစ်ထားသော သခွားသီး - တလုံး
  • ဆားအနည်းငယ် ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ထားသော ပုဇွန်ထုတ် -၂ကောင်
  • ပါးပါးရိပ်ရိပ် လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • လှော်ပြီးထောင်းထားသော ငရုတ်သီးစိမ်း - ၇တောင့်
  • သံပုရာသီး - တခြမ်း
  • ငါးငပိရည် ကျိုပြီးသား - ထမင်းစားဇွန်း ၂ဇွန်း
  • ပင်စိမ်းရွက် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တဇွန်း (မထည့်လဲရ)
ပြင်ဆင်ပုံ
  • သခွားသီးကို အရင်ခြစ်ပေးပါ
  • ပုဇွန်ကို ခေါင်းဖြုတ် အခွံခွာပြီးကြောမှ အမဲကြောင်းကိုဖယ်ကာ ညက်အောင်ထောင်းပေးပါ
  • ငရုတ်သီးကို မွှေးအောင်လှော်ပြီး ညက်အောင်ထောင်းပေးပါ
  • ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပေးပါ
  • ငပိရည်ကို ကျိုထားပေးပါ
  • ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ
  • သခွားသီးခြစ်ပြီးသားထဲကို ငပိရည် ဆား ပုဇွန်လှော်ထောင်း ကြက်သွန်နီ ပင်စိမ်းရွက် ငရုတ်သီးစိမ်းထောင်း သံပုရာရည်ညှစ် ဆီချက်တို့ထည့်ပြီး သမအောင်နယ်ပေးပါ
  • အစပ်ကြောက်ရင် ငရုတ်သီးလျော့ထည့်ကာ အားလုံးသမအောင် နယ်ပြီးပါက အရသာမြည်းကာ စားသုံးနိုင်ပါပြီ။



No comments:

Post a Comment