Monday, 19 October 2015

ပန်းဂေါ်ဖီရှမ်းနံနံအုပ် ချဉ်ရည်ဟင်း


အသားမလိုဘဲ ပုဇွန်ငါးပိနဲ့ ချက်ထားတဲ့ ပန်းဂေါ်ဖီချဉ်ရည်လေး စားကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ချဉ်ရည်ဟင်းအတွက်ပါဝင်တာလေးတွေကတော့
  • အခက်ချွေထားသော ပန်းဂေါ်ဖီ - တပွင့်
  • အနေတော်လှီးထားသော မုန့်ညှင်းစိမ်း - တပင်
  • ထက်ဝက်ပိုင်း လှီးထားသော ရုံးပတေသီး - ၅တောင့်
  • ရှမ်းနံနံ - ဆယ်ရွက်ခန့်
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - အနည်းငယ်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း တ၀က်
  • မကျည်းသီး အနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  • ညက်နေအောင်ထောင်းထားသောချင်း - လက်တဆစ်
ပြင်ဆင်ပုံ
  • ပန်းဂေါ်ဖီနှင့်အရွက်များ ဆီ နနွင်းမှုန့် ငံပြာရည် ဟင်းချိုမှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့နှင့် အားလုံးကိုရောပြီး ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရောနယ်ပြီး ရေအနည်းငယ်ထဲ့ပြီး ဟင်းကိုလုံးမိအောင်တည်ပေးပါ
  • ရေဆူလာပြီး အသီးအရွက်များ နူးလာပါက ရေကို ဟင်းရေသောက်ပန်းကန်လုံး၂လုံးစာလောက် ထဲ့ပြီးတည်ပေးပါ
  • ရေဆူလာပါက. ပုဇွန်ငပိကို အရည်ဖျော်ကာ မကျီးမှည့်အနှစ် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် အတူထဲ့ပြီး ရေပွက်ပွက်ဆူအောင်တည်ပေးပါ
  • ၅မိနစ်ရေလာက်ဆူပြီးပါက အပေါ့အငံမြည်းပြီး  ပန်းဂေါ်ဖီချဉ်ရည်ဟင်းကို ရုံးပတေသီးနှင့် ရှမ်းနံနံအုပ်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ပန်းဂေါ်ဖီ ချဉ်ရည်ဟင်းလေးကို မြိန်ယှက်စွာနဲ့ သုံးဆောင်နိုင်ပါပြီ။


1 comment:

  1. Ma Ma Mar,

    Thank you. PLease continue posting the recipes as it is so appreciable.

    ReplyDelete