Sunday 18 October 2015

ကြံမဆိုင် ဟင်းချို


ကြံမဆိုင်ဟင်းချိုက ဝက်ရိုးလေးနဲ့ချက်ရင် ပိုပြီးကောင်းပါတယ် မာမာတို့အိမ်မှာ ဝက်သားမစားတော့ ပုဇွန်အကောင်လေးတွေနဲ့ဘဲ ချက်ထားပေမဲ့ သောက်လို့ကောင်းလွန်းပြီး ချဉ်ဖြုံ့ဖြုံ့နဲ့ အရသာကောင်းတဲ့ ဟင်းချို ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန် သန့်ပြီးသား- ငါးကျပ်သား
  2. ကြံမဆိုင် - ဟင်းပြင်ပန်းကန် တလုံးစာ (အနေတော် လှီးထားပါ)
  3. ဘရော့ကိုလီ - ၃ခက် (အနေတော် လှီးထားပါ)
  4. ပဲပြား - အတုံးသေး ၁၀တုံး
  5. ကြက်သွန်ဖြူ - သုံးမွှာ (အခွံခွာပြီး ဓါးပြားရိုက်ထားပါ)
  6. ကြက်သွန်နီ - တစ်ခြမ်း (အခွံခွာပြီး လေးစိတ်စိတ်ထားပါ)
  7. ချင်း - လက်တစ်ဆစ် (အပြားလေးတွေ လှီးထားပါ)
  8. ပန်းဂေါ်ဖီ -  သုံးခက် ( အနေနော် လှီးထားပါ)
  9. မုံလာဥနီ - တစ်ဥ (အတုံးလေးတွေ လှီးထားပါ)
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် သုံးလုံး


ပြင်ဆင်ပုံ

  • ပုဇွန်ကို ချင်းပြား ဟင်းချိုမှုန့်နှင့်ဆားထည့်ပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • ပုဇွန်မာလာတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးစာထည့်ပြီး ပါဝင်ပစ္စည်း အားလုံးထည့်ကာ ရေဆူအောင်တည်ပေးပါ
  • ရေပွက်ပွက်ဆူပြီး အသီးအရွက်များ နူးတာနဲ့ အရသာမြည်း လိုသလိုပြင်ကာ သောက်နိုင်ပါပြီ။

No comments:

Post a Comment