Monday 19 October 2015

ကြက်အသည်းအမြစ် အာလူး ဆီလည်ရေလည်


ကြက်သားထဲက မထွက်နိုင်သော မာမာ့ရဲ့ဟင်းပွဲလေးထဲက ဒီတခါတော့ ကြက်အသည်းအမြစ်ကို အာလူးနဲ့ ဆီလည်ရေလည်လေး ချက်ထားလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ကြက်အသည်းအမြစ် အရသာနယ်ရန်

  • ကြက်အသည်းအမြစ် - 500g 
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • ကရဝေးရွက် - တရွက်
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အာလူး - အနေတော် ၃လုံး  (အာလူးကို အခွံခွာကာ အနေတော်တုံးပြီး ရေဆေးထားပါ)
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ကြက်အသည်းအမြစ် ရေဆေးရန်
  1. ကြက်အသည်းကို သပ်သပ်ဖယ်ထားပြီး ရေဆေးပါ
  2. ကြက်အမြစ်ကို အအစာအိတ်ထုတ်ပြီး ဆား လက်ဖက်ရည်ဇွန်း တဇွန်း နနွင်း လက်ဖက်ဇွန်း တ၀က်နှင့်နာနာနယ်ပေးပါ
  3. နယ်ပြီးတာနဲ့ ရေ ၄ခါလောက်နှင့် စင်အောင်ဆေးပါ
  4. ဆေးပြီးမှ အနေတော် အတုံးလေးများ တုံးပေးထားပါ
အရသာနယ်ရန်
  1. ကြက်အသည်းအမြစ်ကို ဆား နနွင်း ဟင်းချိုမှုန့် ငံပြာရည်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ

ငရုတ်သီးထောင်းရန်
  1. ကြက်သွန်ဖြူ- ငါးမွှာ
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တဥ
  3. ချင်း- လက်တဆစ်ခန့်
  4. စပါးလင် - ထမင်းစားဇွန်း တဇွန်း
  5. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း အားလုံးကို ရောပြီးထောင်းပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကိုပြင်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • အရသာနယ်ထားသော ကြက်အသည်းအမြစ်ကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး  အသည်းအမြစ် နူးတဲ့ထိဆက်တည်ပေးပါ 
  • အာလူးရောပြီး ရေမြုပ်အောင် ထပ်ထည့်ကာ ဆက်တည်ပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းခင် ဆီလည်ရေလည်ချိန်မှာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment