Saturday 17 October 2015

ကြက်သားလုံး ချိုချဉ်ကြော်


မာမာ ဒီနေ့တော့ ကြက်သားလုံး ချိုချဉ်ကြော်လေး ကြော်ထားတာ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးမို့လို့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

လေးယောက်စာ
ကြက်သား အရသာနယ်ရန်

  1. ကြက်ရင်ပုံသား - 250 g
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဂျုံမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပြောင်းဖူးကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ကြက်သားကို နုတ်နုတ်စဉ်းပြီး အားလုံးနှင့် ရောနယ်ပါ
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ကြက်သားလုံးကြော်ရန်)
  8. ဆီကိုအပူပေးပြီး ကြက်သားအရသာနယ်ကို အနေတော်များ လုံးပြီးကြော်ထားပါ

ကြော်ရန်လိုသော အသီးအရွက်များ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ပန်းဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပန်းကန် တစ်လုံးစာ
  • တရုတ်နံနံ - နှစ်ခက်
  • မုံလာဥနီ - လှီးပြီးသား အနေတော် တစ်ဥ
  • ကြက်သွန်နီ - တစ်ခြမ်း (အဖတ်လေးများလှီးပါ)
  • ကြက်သွန်ဖြူ - သုံးမွှာ (ဓါးပြားရိုက်ပေးပါ)
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  1. ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး ကြက်သွန်အဖြူ အနီတို့ကို နွမ်းရုံလေးဘဲ ကြော်ပေးပါ
  2. ကြက်သွန်များ နွမ်းတာနဲ့ပန်းဂေါ်ဖီနှင့် မုံလာဥနီကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  3. ပြီးတာနဲ့ ကြော်ထားသော ကြက်သားလုံး ပဲငံပြာရည်အကြည် ဆား ဟင်းချိုမှုန့် ခရမ်းချဉ်သီးတော့ တို့တခါထဲ ထည့်မွှေပါ 
  4. တစ်မိနစ်လောက် ကြော်ပြီးပါက တရုတ်နံနံ အုပ်ပြီး အရသာမြည်းကာ လိုသလိုပြင်ပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment