Tuesday 27 October 2015

ဂေါ်ရခါးသီးကြော် ကြွတ်ကြွတ်လေး


ဂေါ်ရခါးသီးကြော် ကြွတ်ကြွတ်လေး ကြော်ဖြစ်လို့ ကြော်နည်းနဲ့အတူ ဂေါ်ရခါးသီးကြော်လေး ပို့ခဲ့ပါပြီ ကြော်နည်းက လွယ်လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂေါ်ရခါးသီး  - ခပ်ကြီးကြီး တစ်လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၂လုံးသာသာ

ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်းထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဂေါ်ရခါးသီးကို အခွံခွာပြီး ရေဆေးကာ လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
  • အရသာစပ်ထားသော မုန့်နှစ်ထဲမှာ ဂေါ်ရခါးသီးကို နှစ်ပေးပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော ဂေါ်ရခါးသီးမုန့်နှစ်လူးကို တခုခြင်း ထဲ့ပြီးပြင်ပေးထားပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီးကျက်လာပါက ဂေါ်ရခါးသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဂေါ်ရခါးသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

1 comment:

  1. ဗူးသီးထက်စားကောင်းတယ်လို့ထင်တယ် ငယ်ငယ်တုန်းက အိမ်မှာ ဂေါ်ရခါးသီးတွေ အရမ်းသန်တော့ မကြာခဏကြော်စားဖြစ်တယ် ပိုပြီးလဲချိုတယ်နော် မမမာတင်တာလေးကြည့်ပြီးအိမ်ကိုလွမ်းတယ် ...စားလဲစားချင်တယ်..

    ReplyDelete