Tuesday 20 October 2015

ပြောင်းဖူးထောင်းကြော်


သဘာ၀ အချိုအရသာနဲ့ ပြည့်ဝနေတဲ့ ပြောင်းဖူးထောင်းကြော်လေး ကြော်စားဖြစ်လို့ ကြော်နည်းနဲ့အတူ လာပို့ခဲ့ပါပြီ မာမာကတော့ ငရုတ်ဆုံထဲမှာ ညက်နေအောင် စိတ်ရှည် လက်ရှည်ထောင်းထားပေမဲ့ အချိန်မရလို့ မထောင်းနိုင်ရင် ဗလင်ဒါထဲထည့်ပြီး ကြိတ်နိူင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပြောင်းဖူး - ငါးဖူး (အစေ့ထွင်ပြီးသား )
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  4. ရေ - ပြောင်းဖူးမြုပ်အောင်ထည့်ပါ
ပြင်ဆင်ပုံ
  • ဆီပူပူမှာ ထောင်းထားတဲ့ ပြောင်းဖူးထောင်းနှင့် ဆားကိုထည့်ပြီး မွှေပေးပါ
  • ပြောင်းဖူးစေ့ထည့်ပြီး တစ်မိနစ်လောက် ရတာနဲ့ ဆားနှင့်ရေကိုထည့်ပြီး တည်ပေးပါ
  • ပြောင်းဖူးနူးပြီး အရည်မခမ်းခင် အချိန်မှာ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး စားသုံးနိူင်ပါပြီ။

1 comment:

  1. Ma Ma Mar,

    Many thanks. This was my favourite dish of my childhood. All your recipes are so simple and authentic. Please keep on writing Ma Ma Mar. It is so valuable for others, who learn cooking.

    ReplyDelete