Monday, 19 October 2015

ဆူးပုတ် ကြက်ဥကြော်


မာမာ ဒီနေ့တော့ လက်ဆောင်ရထားတဲ့ ဆူးပုတ်ရွက်နဲ့ ကြက်ဥကြော်ပါတယ် မာမာတို့ကြီးကြီးပြောသလိုပါဘဲ အစားပုတ်တော့ အလုပ်ကြာတယ်တဲ့ အခုလဲကြီးကြီး ပြောတာ မှန်နေပြန်ပြီ ဆူးပုတ်ရွက်ကြော်စားချင်လို့ ဆူးကြားထဲကနေ အရွက်လေးတွေကို စိတ်ရှည်လက်ရှည်ထွင်ရတဲ့ ဒုက္ခကလဲ တော်တော်လေးကြီးပါတယ် ထွင်ပြီးတဲ့အခါကြော်ရင်တော့ အရမ်းကိုမြန်လွန်းပါတယ်။

ပါဝင်ပစ္စည်းများ
  • ခလောက်ထားသော ကြက်ဥ -  ၆လုံး
  • ဆူးပုတ်ရွက် - ဟင်းပြင်ပန်းကန် တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ငရုတ်သီးစိမ်း ၄တောင့် (ပါးပါးလှီးထားပါ)
  • ဟင်းချိုမှုန့် ( လက်ဖက်ရည်ဇွန်း တဝက်)
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. ဒယ်အိုး အပြန့်တလုံးကို ဆီထည့်ပြီး အပူပေးပါ
  2. ဆီပူတာနဲ့ ကြက်ဥခလောက်ထားတာကို  လောင်းထည့်ပါ
  3. ကြက်ဥထည့်ပြီးတာနဲ့ ဟင်းချိုမှုန့် ဆူးပုတ်ရွက်နှင့် ငရုတ်သီးစိမ်းကို ထည့်ပြီးမွှေပေးပါ
  4. ကြက်ဥဆူးပုတ်ကြော် တဖက်ကျက်တာနဲ့ နောက်တဖက်ကို လှန်ပြီးဆက်ကြော်ပေးပါ
  5. နှစ်ဖက်လုံးကျက်တာနဲ့ ပန်းကန်ထဲပြောင်းထည့်ပြီး စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။






No comments:

Post a Comment