Saturday, 17 October 2015

ပဲကတ္တီပါပြုပ် ငပိထမင်းကြော်


စိတ်လိုလက်ရ စားချင်လာတာနဲ့ ကြော်ဖြစ်သွားတဲ့  ငပိနံ့သင်းသင်း ပဲပြုပ်စိမ့်စိမ့်လေးနဲ့မို့ အလွန်တရာ စားကောင်းတဲ့ ထမင်းကြော်လေးပါ ဒါကြောင့်မို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ


  • ချက်ပြီး အအေးခံထားသော ထမင်းဖြူ - တရုတ်ဟင်းပြင်ပန်းကန် တလုံးခွဲ
  • ပြုပ်ပြီးသားပဲကတ္တီပါပြုပ် - တဆယ်သားခန့်
  • ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး တမွှာ
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ပုဇွန်ငပိ  - မကျည်းစေ့ ၂စေ့စာခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. ဆီကို အပူပေးပြီး နနွင်းမှုန့်ကို ထည့်ပါ
  2. ပြိံးတာနဲ့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ထည့်ကြော်ပါ
  3. ကြက်သွန်ဖြူ နွမ်းတာနဲ့ ငရုတ်သီးမှုန့်နှင့် ငပိကို ထည့်မွှေပါ
  4. ငငိနံ့ မွှေးလာတာနဲ့ ထမင်း ဆား အချိုမှုန့်တို့ထည့်ပြီး သမအောင်မွှေပေးပါ
  5. ၃မိနစ်လောက်ကြော်ပြီးတာနဲ့ ပဲပြုပ်ထည့်မွှေပြီး တမိနစ်လောက်ကြော်ပြီးပါက ပဲပြုပ် ငပိထမင်းကြော် စိမ့်စိမ့်မွှေးမွှေးလေးကို အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment