Monday, 19 October 2015

ပဲပင်ပေါက် ပဲပြား ကြက်ဥမွှေကြော်


ပဲပင်ပေါက်ပဲပြားကြော်ကို ကြက်ဥလေးမွှေပြီး ကြော်ထားတာမို့ စိမ့်စိမ့်မွှေးမွှေးလေးမို့ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ရေစင်အောင်ဆေးပြီး ဇကာနှင့်ရေစစ်ထားသော ပဲပင်ပေါက် - 200g
  • လေးထောင့်အတုံးလေးများ လှီးထားသောတို့ဟူး - တတုံး
  • ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • တရုတ်နံနံ -၂ခက်
  • ကြက်ဥ - တလုံး
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ကြော်ဖို့ပြင်ပါမယ်
  • ဆီကို မီးအနေတော်နဲ့အပူပေးပြီး ဆီပူလာရင်နနွင်းမှုန့်ထဲ့ပါ
  • ပဲပြားကိုနဲနဲမာအောင်ကြော်ပေးပြီး ဆယ်ထားပါ
  • ကြက်သွန်နီကို နွမ်းသွားအောင်ကြော်ပေးပြီးမှ ပဲပြားကြော်ကို ပြန်ထဲ့ပြီး မိနစ်ဝက်လောက်ကြော်ပါ
  • ပဲပင်ပေါက်နဲ့အတူ ဆား အရသာမှုန့်တို့ထဲ့ပြီးနှံ့အောင်မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက်ကြော်ပေးပြီးတာနဲ့ ကြက်ဥတလုံးကို ဖောက်ထည့်ပြီး မွှေပေးကာ ကြက်ဥကျက်တာနဲ့ တရုတ်နံနံထည့်မွှေကာ ပဲပင်ပေါက်ကြော် စိမ့်စိမ့်လေးရပါပြီ။

No comments:

Post a Comment