Monday, 19 October 2015

သရက်သီးစိမ်း ငါးပိထောင်း



ပါဝင်ပစ္စည်းများ

  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်းခွဲ
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး ၁၅ကောင်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • ငရုတ်သီးစိမ်း - ၁၅တောင့်
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်းတဇွန်း
  • သရက်သီးစိမ်း - အနေတော် တလုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  2. ငရုတ်သီးစိမ်းကို လှော်ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  4. သရက်သီးကို အစေးထုတ်ပြီး ရေနာရီဝက်လောက် စိမ်ထားပြီး အခွံခွာကာ ခပ်နုတ်နုတ်ပေါက်ထားပါ 
  5. ငရုတ်ဆုံထဲမှာ အရင်ဆုံး ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
  6. ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
  7. ပြီးတာနဲ့ သရက်သီးထည့်ထောင်းပါ
  8. အားလုံး လေးစိတ်ကွဲအနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီး အလှော်မှုန့် တို့ ထည့်ထောင်းပါ
  9. ပြီးတာနဲ့ သရက်သီး ပုဇွန်ငါးပိထောင်း မွှေးမွှေးလေးရပါပြီ

No comments:

Post a Comment