Monday 19 October 2015

Sea Food ဟင်းချို


ချဉ်စပ်လေး စားချင်စိတ်ပေါ်လာတိုင်း အခုလို ချဉ်ငံစပ်လေးတွေ ချက်သောက်ဖြစ်ပါတယ် ချက်နည်းကတော့ အသီးအရွက် လျှော့ထည့်တာကလွဲရင် သုန့်ယမ်းဟင်းချက်နည်းနဲ့ အတူတူပါဘဲ။

ပါဝင်ပစ္စည်းများ

  1. Tom Yum ဟင်းချက်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  2. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံး
  3. ပုဇွန်ထုတ် - ၇ကောင် ( အမြှီး ခေါင်း အခွံခွာ ကြောမှ အမဲကြောင်း ထုတ်ထားပါ )
  4. ကင်းမွန်လှီးပြီးသား - ၈ခု( ကင်းမွန်ကို ရေစင်အောင်ဆေးပြီး ပြောင်းပြန်လှန်ကာ ကန့်လန့် အစောင်း အရာပေးပြီး အနေတော် လှီးထားပါ )
  5. ပဲပြား  - ၂တုံး ( ကြော်ပြီးသား ပဲပြားကို အနေတော် လှီးထားပါ)
  6. Fish cake. - ၅ခု (fish cake ကို အနေတော် လှီးထားပေးပါ )
  7. မုံလာဥနီ  - အနည်းငယ် ( ရေဆေးပြီး အရှည်လိုက် လှီးထားပေးပါ)
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆန်ကြာဇံ အကြည် - 50 g ကို ရေစိမ်ထားပါ
  11. အခုပြင်ဆင်ထားသလောက်ဆိုရင် ပွဲကြီး ၂ပွဲစာ မိသားစု ၆ယောက်လောက် ကောင်းကောင်းစားနိုင်ပါတယ်
  12. မိသားစုနည်းရင် လိုအပ်သော အစာများကို လျော့ပြီးပြင်ပေးပါ

ချက်ပြုပ်ပုံ
  • အရင်ဆုံး ဇောက်နက်နက် အိုးထဲ ရေထည့်ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပါက ပုဇွန် ကင်းမွန် fish cake ဆားတို့ထည့်ပြီး ၂မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ တုန်ယမ်းအနှစ်နှင့် မုံလာဥနီကို ထည့်ပြီ မိနစ်ဝက်လောက် ရေဆူပါစေ
  • ပြီးတာနဲ့ ဆား အရသာမှုန့် ကြာဇံ ပဲပြားတို့ထည့်ပြီး တစ်မိနစ်လောက် ရေဆူပါစေ
  • အားလုံးပြီးတာနဲ့ မိနစ်ဝက်လောက် ရေဆူစေပြီး ချဉ်ငံစပ်  ဟင်းချိုလေး ရပါပြီ   
  • အချဉ်ပိုကြိုက်လျှင် သံပုရာရည် အနည်းငယ် ထည့်သောက်နိုင်ပါတယ်။

No comments:

Post a Comment