ဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပုဇွန်ထုတ်တွေ ဝယ်လာပြီး ပုဇွန်ကို လှော်ကာသုပ်စားဖြစ်လို့ ထမင်းမြိန်မြိန် စားနိုင်အောင် ချဉ်ငံစပ် ပုဇွန်လှော်သုပ် သုပ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
တစ်ပွဲစာ ပါဝင်ပစ္စည်းများ
- သံပုရာသီး - တစ်စိတ်
- ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
- ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- နံနံပင် - အနေတော် နှစ်ပင်
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမ်းစားဇွန်း တစ်ဇွန်း
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
- ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပုဇွန်လှော်ရန်
- ပုဇွန်များကို ရေစင်အောင် ဆေးပေးပါ
- ဒယ်အိုးတစ်လုံးထဲမှာ ပုဇွန်ထုတ်နှင့် ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့ထိ လှေ်ပေးပါ
- လှော်ပြီးသား ပုဇွန်များကို အအေးခံပြီး အခွံခွာထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
- အခွံခွာထားသော ပုဇွန်နှင့် အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ပုဇွန်ထုတ် ဂေါ်ဖီ ကြက်သွန်နီ ပဲအကျက်မှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် ဟင်းချိုမှုန့် ဆီချက် နံနံပင် သံပုရာရည် ငရုတ်သီးမှုန့်တို့ကို ထည့်ပေးကာ ခပ်ဖွဖွ နယ်ပေးပါ
- အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ငံစပ် ပုဇွန်သုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment