ငါးရှဥ့်ခြောက် ချဉ်စပ်ကြော်ကို မရမ်းပြားလေးနဲ့ ချက်ဖြစ်ပါတယ် ငါးအရိုးထွင်ရတာ လက်နည်းနည်း ၀င်ပေမဲ့ စားလို့ကောင်းလွန်းလို့ ချက်နည်းလေးနဲ့အတူ ငါးရှဉ့်ခြောက်စပ်ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ငါးရှဥ့်ကြပ်တိုက် - အကောင်ကြီးကြီး ၁ဝေကာင်
- မရမ်းပြားအခြောက် - ၁၅ပြားခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- အရသာမှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
- ငရုတ်သီး လုံးကြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
- ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ပုံ
- ငါးရှဥ့်ကပ်တိုက်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပြီး နူးလာပါက အရိုးထွင်ပြီး အသားကို မွှထားပါ
- မရမ်းပြားအခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
- အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးဇောက်နက်နက်ထဲ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့် ထည့်ပါ
- ပြီးတာနဲ့ ကြက်သွန်အဖြူအနီကို အရင်ဆုံး တမိနစ်လောက် ကြော်ကာ ငရုတ်သီးမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ
- ထွင်ထားသေား ငါးအသားများထည့်မွှေပြီး ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်မွှေပါ
- အားလုံး သမပြီဆိုတာနဲ့ မရမ်းပြားကို စိမ်ထားသော ရေမှာ လှုပ်ဆေးပြီး မရမ်းပြား အဖတ်များကို ဟင်းအိုးထဲ ထည့်မွှေပေးပါ
- ရေကို ငါးမြုပ်လောက်အောင်ထည့်ပြီး အိုးမကပ်အောင် မကြာမကြာ မွှေပေးကာ ဆီပြန်ပြီး ကြွတ်လာတဲ့အထိ တည်ပေးပါ
- ဟင်းရည်ခမ်းပြီး ငါးရှဥ့်ချက် ကြွတ်မွှလာပါက ငါးရှည့်ခြောက် ချဉ်စပ်ကြော်ဟင်းကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment