Tuesday 20 October 2015

ထောပါတ်ခရမ်းသီးနှပ်


ခရမ်းသီးနှပ်ဆိုရင် ထမင်းမြိန် ဟင်းတစ်မျိုးလို့ ထင်နေမိလို့ ခရမ်းသီးရတိုင်း နှပ်ချက်လေး ချက်ပြီး စားဖြစ်တာက များပါတယ် အခုတော့ ထောပတ်ခရမ်းသီးကို ပုဇွန်ခြောက်နဲ့ နှပ်ထားလို့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ထောပတ်ခရမ်းသီး - ၂လုံး
  2. ခပ်နုတ်နုတ် စဉ်းထားသော ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
  3. ပုဇွန်ခြောက်  - ဆယ့်ငါးကောင်ခန့်
  4. ခပ်နုတ်နုတ် စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာဖြတ် အခွံခွာကာ လေးစိတ် စိတ်ပေးပြီး ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက လက်နှစ်ဖက်နဲ့ ဆုတ်ပြီး ရေကို ညှစ်ပြီး ဖယ်ပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့် ဆား အရသာမှုန့် ပုဇွန်ခြောက်တို့ကို ရောနယ်ပေးထားပါ
  • အောက်ခြေမကပ်သော ဇောက်နက်နက်အိုး တလုံးထဲမှာ ခရမ်းသီး ဆီနှင့် ရေမမြုပ်တမြုပ်ထည့်ကာ အဖုံးအုပ်ပြီးတည်ပေးပါ
  • ရေ မခမ်းခင်  အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားရအောင် တည်ပေးပါ
  • ခရမ်းသီး နူးပါက အရသာမြည်းပြီး ဆီကျန်ရေကျန်ချိန် မီးပိတ်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment