Monday 19 October 2015

ကြက်သား အာလူးဆီပြန်


ကြက်သားဆီပြန်ချက်မယ်လို့ စိတ်ကူးမိပေမဲ့ အသားကြီးသက်သက် မစားချင်တာကြောင့် အာလူးအရော ဆီပြန်လေး ချက်လိုက်ပါတယ် ချက်နည်းကတော့ အရင် ကြက်သားချက်နည်းတွေ အတိုင်းဘဲ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သားအရသာနယ်ရန်

  • ကြက်ပေါင်သား - 500g (အနေတော်တုံးထားပါ)
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • အာလူးကို အခွံခွာရေဆေးပြီး အနေတော် တုံးထားပါ

ဟင်းချက်ရန်

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကိုပြင်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး နူးတဲ့ထိ ဆက်တည်ပေးပါ 
  • ကြက်သားနူးပါက အာလူးထည့်ပြီး အာလူးနူးလောက်ရုံ ရေထည့်ပြီး ဆက်တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ကြက်သားအာလူး ဆီပြန်မွှေးမွှေးလေး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment