မာမာဒီနေ့တော့ ကြာရိုးလေးတွေ ဝယ်လာဖြစ်လို့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့ ကြာရိုးသုပ် သုပ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြာရိုး ပြုပ်ပြီးသား - 454g တပုလင်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- မျှင်ငပိထောင်းပြီးသား - အနည်းငယ်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- သံပုရာသီး - တစ်ခြမ်း (သို့မဟုတ်)မန်ကျည်းသီးမှည့်အနှစ် ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
ကြာရိုးပြုပ်ရန် ပြင်ဆင်ပုံ
- ကြာရိုးမှ ရင့်နေသော အပေါ်ယံ အလွှာများနှင့် မလိုတာတွေကို ဖယ်ပေးပြီး ရေစင်အောင် ဆေးထားပါ။
- ပြီးတာနဲ့ ကြာရိုးကို ရေမြုပ်အောင်ထည့်ကာ ၁၅မိနစ်လောက်ပြုပ်ကာ စိမ်ထားပါ။
- ရေစိမ်ပြီးတာနဲ့ ထိုအရည်များ သွန်ပေးကာ ရေစစ်ပေးပါ။
အသုပ်သုပ်ရန် ပြင်ဆင်ပုံ
- ပြုပ်ပြီးသား ကြာရိုးများကို အနေတော်လေးတွေ လှီးထားပါ။
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက်ထုကာ နုတ်နုတ်စင်းထားပါ။
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
- ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံ ကျယ်ကျယ်ထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ပေးကာ အရသာ ဝင်အောင်နယ်ပေးပါ။
- ပြီးတာနဲ့ ကြာရိုးများ အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာေအာင် ပြင်ပေးကာ ကြာရိုးသုပ် ချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။












