Saturday 30 April 2016

ခရမ်းကစော့သီး ငါးပိရည်​ဖျော်


ခရမ်းကစော့သီးတွေ အရမ်းသီးတော့ ဘာလုပ်စားရမလဲ စဉ်းစားရင်း ဒီနေ့တော့ မီးလေးအုံးပြီး ငါးပိရည်ဖျော်ဖြစ်တာနဲ့ ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

မြန်မာမိသားစု အများစုရဲ့ အိမ်တအိမ်ရဲ့ ထမင်းဝိုင်းလေးမှာ ဟင်းတွေ ဘယ်လောက်ကောင်းကောင်း  ငါးပိရည်လေး တမယ်တော့ ပါတတ်ကြပါတယ် အဲဒီလိုပါဘဲ ငါးပိရည်ကို ဖျော်နည်းမျိုးစုံနဲ့ ဖျော်တတ်ကြပြီး နှစ်သက်သလို ပြင်ဆင်တတ်တာကလဲ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့လေးပါ။

မာမာဆို နိုင်ငံရပ်ခြားမှာ ရောက်နေပေမဲ့ အိမ်ကထမင်းဝိုင်းလေးမှာ ငါးပိရည်ဖျော်လေး တမယ်တော့ ပါအောင်အမြဲတမ်း ဖျော်ဖြစ်ခဲ့ပါတယ် ဒီနေ့လည်း အိမ်က ခရမ်းကစော့ပင်ရဲ့အသီး ငရုတ်သီး တွေ ဆင်းခူးပြီး ထုထောင်းကာ ငါးပိရည်ဖျော်တမယ် ပြင်ဆင်လိုက်မိပါတယ် အရသာကတော့ လက်တွေ့ လုပ်စားသူများ ပိုပြီးသိမှာမို့ မာမာဖျော်နည်းလေး တင်ပေးလိုက်ပါမယ်။

ပါဝင်ပစ္စည်းများ

  1. ငါးငပိရည်ကျို - ၅ကျပ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံးသာသာ
  5. ငရုတ်သီးအစိမ်းတောင့် - ၁၅တောင့်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  7. ပုဇွန်ခြောက်အကောင်ကြီးကြီး - ၁၅ကောင်ခန့်
  8. ခရမ်းကစော့သီး - အလုံး ၃၀ခန့်

ပြင်ဆင်ပုံ
  • ငါးငပိကို ဆား နနွင်း ရေတို့ထည့်ပြီး ဆူအောင်တည်ပေးပါ။
  • ၃မိနစ်လောက် ဆူပြီးပါက အရိုးစစ်ပြီး အိုးတလုံးထဲ ပြန်ထည့်ပေးထားပါ။
  • ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ဒယ်အိုးတလုံးထဲ ထည့်ပြီး မွှေးလာအောင် လှော်ကာ မညက်တညက် ထောင်းပေးပါ။
  • ပုဇွန်ခြောက်ကို  ညက်နေအောင် ထောင်းပေးပါ။
  • ခရမ်းကစော့သီးကို မီးအနည်းငယ်အုံးကာ ရေစင်အောင်ဆေးပြီး ငရုတ်ဆုံထဲ ထည့်ကာ မညက်တညက် ထောင်းပေးပါ။
  • အားလုံးအဆင်သင့်ဖြစ်ပါက ကျိုထားသော ငါးပိရည်အိုးထဲသို့ ထောင်းထားသော ပစ္စည်းများအားလုံးကို ထည့်ပြီး ၃မိလောက်ပြန်ကျိုပေးပါ။
  • အရသာရှိသော ခရမ်းကစော့သီး ငါးပိရည်အဖျော်လေးကို သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ။

ငါးကြော် ငါးပိရည်ဖျော်စပ်စပ်လေး



ငါးကြော်နဲ့ဖျော်တဲ့ ငါးပိရည်ဖျော်လေးက ထမင်းစားလို့ မိန်စေတဲ့အတွက် မည်သည့်ငါးကြော်နှင့်မဆို ဖျော်နိုင်တဲ့ ငါးပိရည် ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ရွှေလံဘိုငရုတ်သီး - ၅တောင့်
  3. သရက်သီးစိမ်း - ခပ်သေးသေး တစ်လုံး
  4. ငါးကြော်  - ခပ်ကြီးကြီးတစ်တုံး
  5. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ငါးကြော်ကို အရိုးထွင်ထားပြီး အနေတော် ဖဲ့ထားပါ
  2. ငရုတ်သီးစိမ်းကို လှော်ထားပါ
  3. လှော်ထားသော ငရုတ်သီးစိမ်းကို မညက်တညက် ထောင်းထားပါ
  4. ငါးပိရည်ကို ကျိုပြီး အရိုးငင်ထားပါ
  5. ထောင်းပြီးသား ငရုတ်သီးစိမ်းနှင့်အတူ ငါးကြော် ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး အိုးတလုံးထဲထည့်ကာ ငပိရည်နှင့် ရေရောပြီး မြုပ်အောင်ထည့်ကာ ကျိုပေးပါ
  6. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။

ကြက်သွန်နီမီးဖုတ်ထောင်း ငါးပိရည်ဖျော်


ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းက မာမာ့အမေ အရမ်းကြိုက်တဲ့ ဖျော်နည်းပါ မွှေးပြီးချိုနေတာမို့ ဖျော်စားကြည့်ရအောင် ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ


  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  3. ကြက်သွန်နီ  - ခပ်သေးသေး ၃လုံး
  4. ပုဇွန်လှော် - ၃ကောင်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို အခွံမခွာဘဲ အလုံးလိုက် အခွံများကျွမ်းတဲ့ထိ မီးဖုတ်ထားပါ
  2. မီးဖုတ်ထားသော ကြက်သွန်နီကို ရေထဲခနအေးအောင်စိမ်ပြီး အခွံကို ခွာထားပါ
  3. ပုဇွန်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ကာ အခွံခွာထားပါ
  4. ငါးပိရည်ကို ကျိုထားပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
  5. အခွံခွာထားသော ပုဇွန်ကိုအရင်ထောင်းပြီး ကြက်သွန်နီကို မညက်တညက် ထည့်ထောင်းပါ
  6. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  7. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ကြက်သွန်နီမီးဖုတ် ငါးပိရည်ဖျော်လေး ရပါပြီ။

ငါးပြုပ် ငါးပိရည်ဖျော် စပ်စပ်လေး


ဒီတခါတော့ မည်သည့်ငါးနဲ့မဆို ဖျော်စရာကောင်းကောင်း လုပ်နိုင်မည့် ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ် ဒီနေ့တော့ ဘာဆာငါးကို ပြုပ်ပြီး ငါးပိရည်ဖျော် ပြင်ဆင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီးအလှော်မှုန့်  - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ဘာဆာငါး - ခပ်သေးသေး တစ်ပြား
  4. ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်


ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး နနွင်းမှုန့်နှင့် ဆားထည့်၍ရေမြုပ်အောင်ထည့်ကာ ရေခမ်းအောင် တည်ထားပါ
  2. ငါးပိကို အရည်ကျိုပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ထည့်ထားပါ
  3. ပြုပ်ထားသောငါးကို အသားများ ကျေအောင် ချေပြီး ငါးပိရည်ပန်းကန်ထဲ ထည့်ပေးပါ
  4. ငါးနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  5. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပြုပ် ငါးပိရည်ဖျော်လေး ရပါပြီ။

မကျည်းသီးစိမ်းထောင်း ငါးပိရည်ဖျော်


ဒီတခါတော့ မန်ကျည်းသီးလေးတွေရတာနဲ့ ပုဇွန်ထုတ်ကိုလှော်ပြီး မန်ကျည်းသီးစိမ်းနဲ့ ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီးစိမ်း အမှည့်  - စားနိုင်သလောက်
  3. မန်ကျည်းသီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  4. ပုဇွန်လှော် - ၃ကောင်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. မန်ကျည်းသီးစိမ်းကို အခွံခွာပြီး အစေ့များထုတ်၍ ရေဆေးထားပါ
  2. ပုဇွန်ကို ရေအနည်းငယ်ထည့်ပြီး ပြုပ်လှော်လှော်ကာ ရေခမ်းပါက အခွံခွာပြီး မလိုတာတွေ ဖယ်ထားပါ
  3. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်၍ ကျက်သွားအောင် လှော်ထားပါ
  4. ကျိုထားသော ငပိရည်ကို အရိုးငင်ကာ ပန်းကန်တခုထဲ ထည့်ထားပါ
  5. အခွံခွာထားသော မန်ကျည်းသီးစိမ်းကို အစေ့များထုတ်ပြီး အသားများကို ညက်နေအောင် ထောင်းပါ
  6. ပြီးတာနဲ့ ငရုတ်သီးစိမ်း အလှော်တောင့်များကို ထည့်ထောင်းပါ
  7. အားလဲုး ညက်သွားပြီဆိုတာနဲ့ ပုဇွန်လှော်ကို ညက်အောင်ထည့်ထောင်းပါ
  8. ထောင်းပြီးသားများနှင့်အတူ အချိုမှုန့်တို့ရောပြီး ငပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  9. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ချဉ်ငံစပ် မန်ကျည်းသီးစိမ်း ငါးပိရည်ဖျော်လေး ရပါပြီ။

ကြက်သွန်ဖြူ မီးဖုတ် ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော်


ငါးပိရည်ဖျော်နည်းလေးတွေ page မှာ ခနခနတင်ဖြစ်ပေမဲ့ blog မှာ မတင်ဖြစ်သေးတဲ့အတွက် စုစုစည်းစည်းလေးဖြစ်အောင် ငါးပိရည် ဖျော်နည်းလေးတွေ တင်ပေးလိုက်ပါတယ်။

ဒီတခါတော့ ကြက်သွန်ဖြူ မီးဖုတ်ထောင်းနဲ့ ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော် မွှေးမွှေးလေးဖျော်မိလို့ ဖျော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၇မွှာ
  3. ပုဇွန်ခြောက် - ၁၃ကောင်
  4. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံမခွာဘဲ တမွှာခြင်းဖြစ်အောင် ခွာထားပြီး အိုးတလုံးထဲမှာ အခွံများကြွမ်းတဲ့ထိ ဖုတ်ပေးပါ
  2. အခွံများ မည်းလာပါက အအေးခံပြီး အခွံများ ဖယ်လိုက်ပါ
  3. ငါးပိရည်ကို ကျိုပြီး အရိုးငင်ကာ ပန်းကန်တလုံးထဲ ထည့်ပေးပါ
  4. ပုဇွန်ခြောက်ကို အရင်ဆုံး ညက်နေအောင် ထောင်းထားပါ
  5. ပုဇွန်ခြောက်ထောင်းပြီးပါက ကြက်သွန်ဖြူကို မညက်တညက် အနေအထားရအောင် ထောင်းလိုက်ပါ
  6. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  7. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။

ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော်


ငါးပိရည်လို့ ဆိုလိုက်ရင် တချို့က နှာခေါင်းရှုံ့ကြပြီး တချို့ကတော့ ကြိုက်ကြပါတယ် မာမာကတော့ ငါးပိရည်သာပါရင် အသားဟင်း မလိုအောင်ကို ကြိုက်သူတယောက်ပါ။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးပိကြိုက်ကြသူ ဘယ်သူမဆို  အားလုံးကျိုတတ်တဲ့ ငါးပိရည်ကျိုပြီး ဖျော်စရာ ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းရည်သောက် ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးကာ အညှာများဖြုတ်ပြီး လှော်ထားပါ။
  2. ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းထားပါ။
  3. ပုဇွန်ခြောက်များ ညက်ပါက ငရုတ်သီးအလှော်တောင့်များကို ထည့်ထောင်းပါ။
  4. ထောင်းပြီးသားများနှင့်အတူ အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲ ထည့်ကာ ဖျော်ပေးပါ။
  5. နှစ်သက်ရာ တို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။

ဂဏန်းသား ထမင်းကြေည်



ဒီနေ့တော့ ဂဏန်းသားနဲ့ ထမင်းကြော် ဖြစ်ပါတယ် ဆီပြန်ဟင်းတွေ အသားဟင်းတွေ မစားချင်တဲ့အခါ အခုလို ထမင်းကို အရသာ အစုံလေးတွေနဲ့ ကြော်စားတဲ့ အခါမှာတော့  အပြောင်းအလဲ အနေနှင့် စားချင်စဖွယ် ဖြစ်စေမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ထမင်းကြော်နည်းကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ထမင်းချက်ရန်)
  3. ဂဏန်းအသား - ထမင်းစားဇွန်း ငါးဇွန်း ( ready made ဗူးကို သုံးထားပါတယ်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. မုံလာဥနီ - အနည်းငယ်
  7. ပဲစိမ်းသီး အစေ့ - အနည်းငယ်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  12. သခွားသီး - အနည်းငယ်

ပြင်ဆင်ပုံ
  1. ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  2. ခလုတ်တက်ပြီူး ထမင်းကျက်ပါက အအေးခံပြီး ဖွထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  5. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး လှီးထားပါ
  6. ပဲစိမ်းသီး အစေ့ကို ပြင်ထားပါ
  7. ဂဏန်းသားကို ပြင်ထားပါ
  8. ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  9. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  10. ကြက်သွန်များ နွမ်းလာတာနဲ့ မုံလာဥနီနှင့် ပဲစိမ်းသီးအစေ့ ဆား အချိုမှုန့်တို့ ထည့်ကြော်ပါ
  11. နှစ်မိနစ်လောက်ဘဲ ကြော်ပေးပြီး ဂဏန်းသားကို တစ်မိနစ်လောက် ထည့်မွှေပါ
  12. ပြီးတာနဲ့ အအေးခံထားသော ထမင်းကို တစ်မိနစ်သာသာလောက် ထည့်ကြော်ပြီး ငရုတ်ကောင်းမှုန့်ဖြူး၍ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  13. ဂဏန်းသား ထမင်းကြော် ပူပူလေးကိုနှစ်သက်ရာ ငရုတ်သီးကြော် ဂေါ်ဖီချဉ် သခွားသီးတို့နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။

Friday 29 April 2016

ပဲနီလေး သီးစုံပဲကုလားဟင်း





သီးစုံပဲချဉ်ရည်ဟင်းလေးပါ ချက်ရတာ လွယ်ကူမြန်ဆန်တဲ့ ပဲနီလေးနဲ့ချက်ထားတာမို့ အချိန်ရှားပါးတဲ့ အိမ်ရှင်မတွေအတွက် အဆင်ပြေစေမဲ့ ပဲကုလားဟင်းဆိုလဲ မမှားပါဘူး  လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ပဲနီလေးပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ခရမ်းသီး အရှည် -၂လုံး
  3. အာလူး - ခပ်ကြီးကြီး ၂လုံး
  4. ရုံးပတေသီး - နှစ်သက်သလောက်
  5. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  6. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (သို့မဟုတ်)
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  11. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  12. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  13. ချင်း - လက်တစ်ဆစ်ရဲ့တစ်ဝက်
  14. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  15. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • ပဲနီလေး ပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
  • ရုံးပတေသီးကို အတောင့်လိုက်ရေဆေးထားပြီး အတောင့်ရှည်လျှင် ပိုင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • မကျီးသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေစိမ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ လက်တစ်ဆစ်အရွယ်တုံးထားပါ
  • ခရမ်းသီးကို လေးစိတ်စိတ်ပြီး ရေစိမ်ထားပါ
  • ကြက်သွဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင်ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီးထည့်ဆီသတ်ပါ 
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ဆား (သို့မဟုတ်) ငံပြာရည်ကို တခါထဲ ထည့်မွှေပေးပါ
  • အသီးများနည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတလုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မကျီးမှည့်ကို လက်နဲ့ဖျော်ပြီး မကျီးရည်ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက ရုံးပတေသီးနှင့် အရသာမှုန့်ထည့်ပြီး မွှေပေးကာ အရသာကို လိုသလိုပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

ပသျှူး ထမင်းကြော်


ဒီနေ့တော့ မိသားစုတွေ အရမ်းကြိုက်တဲ့ ပရှူးထမင်းကြော် ကြော်ဖြစ်ပါတယ် အရမ်းစားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်ခဲ့တဲ့ ပရူးထမင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
  5. ကြယ်သီးမှို  - အနေတော် ငါးပွင့်
  6. ဘေဘီပြောင်းဖူး - သုံးဗူး
  7. ဘရော့ကိုလီ - ဆယ်ခက်ခန့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ဗနီကာ - ထမင်းစားဇွန်း တစ်ဝက်သာသာ
  11. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ပုဇွန်ထုတ် - ခွန်နှစ်ကောင်
  14. သခွားသီး - ခပ်သေးသေး တစ်လုံး

ပြင်ဆင်ပုံ

  1. ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ပြီး ချက်ပေးပါ

  2. ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ ချက်ထားသော ထမင်းကို အအေးခံပြီး ဖွထားပါ
  3. ပုဇွန်ကို အမြှီး ခေါင်းနျင့် အခွံများဖယ်ကာ ကြောမှခွဲ၍ အမည်းကြောင်း ထုတ်၍ သန့်စင်ထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ခပ်နုတ်နုတ် စင်းထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီး ထားပါ
  6. မှိုကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  7. ဘရော့ကိုလီကို ရေဆေးပြီး အနေတော် လှီးထားပါ
  8. ဘေဘီပြောင်းဖူးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  9. ဗနီကာကို ပြင်ထားပါ
  10. သခွားသီးကို ရေဆေးကာ အနေတော် လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နွမ်းသွားတဲ့ထိကြော်ပေးပါ
  • မှို ဘရော့ကိုလီနှင့် ပြောင်းဖူးတို့ကို ထည့်ပြီး မိနစ်ဝက်လောက် ကြော်ပါ
  • ပြီးတာနဲ့ ပုဇွန်ကိုထည့်ပြီး သုံးမိနစ်လောက် ထည့်ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက ဗနီကာထည့်ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
  • ပုဇွန်နှင့် အသီးအရွက် ကြော်များထဲသို့ ထမင်း  ဆားနှင့် အရသာမှုန့်နှင့် တို့ကို ထဲ့ပြီး မွှေပေးပါ
  • အားလုံး သမသွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တစ်မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးသွားတာနဲ့ ပရူးထမင်းကြော် စိမ့်စိမ့်လေးကို သခွားသီးနှင့် တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Thursday 28 April 2016

သံပုယိုသီးသနပ်







အသီးအရွက် သနပ်လုပ်နည်းတွေ များစွာရှိပါတယ် ကိုယ်နှစ်သက်သလို လုပ်ကြတာမို့ နည်းတွေကတော့ တယောက်နဲ့တယောက် မတူကြပါဘူး။

မာမာကတော့ မာမာ့အမေ ပြင်ဆင်တတ်တဲ့ နည်းလေးတွေကိုဘဲ အခြေခံပြီး ပြင်ဆင်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ သံပုယိုသီးသနပ် လုပ်ဖြစ်လို့ အမွှေးနံ့သာ တမျိုးပြောင်းပြီး လုပ်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သံပုယိုသီး - ၁၀လုံး
  2. ဆား - ထမင်းစားဇွန်းမောက်မောက် ၄ဇွန်းခန့်
  3. ဆီ - 450 ml
  4. Cumin Seeds  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  5. Mustard  seeds အစို - ထမင်းစားဇွန်း ၃ဇွန်း
  6. Coriander seeds - ထမင်းစားဇွန်း တစ်ဇွန်း
  7. Mustard seeds - အခြောက် ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်ဖြူ - ၁၀မွှာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်းခွဲ

သံပုယိုသီး ဆားရည်စိမ်ရန်
  • သံပုယိုသီးကို အလုံးလိုက် ရေဆေးပြီး ရေစင်အောင်သုပ်ကာ အောက်ခြေပြတ်တဲ့ထိ ၄စိတ်လှီးပေးပါ
  • စိတ်ထားသော အစိတ်များကို ဇလုံကျယ်ကျယ်ထဲထည့်ပြီး ဆားထည့်ကာ သမအောင် ခပ်ဖွဖွမွှေပးပါ 
  • အားလုံးပြီးလျှင် လေလုံပြီး သန့်နေသော ပုလင်းထဲ သံပုယိုသီး အစိတ်များကို ထည့်ပေးပါ
  • အဖုံးလေလုံအောင်ပိတ်ပြီး အခန်းအပူချိန်နှင့် အနည်းဆုံး ၅ရက်၆ရက်လောက် ထားပေးပါ
  • မြန်မြန်စားချင်ရင်တော့ ပုလင်းကို နေပူထဲမှာ ထားပေးပါ
  • ရေထည့်စရာမလိုဘဲ ဆားရည်များပျော်ပြီး အရည်များထွက်လာပြီး သံပုယိုသီးများ အိလာရင် ရပါပြီ
ပြင်ဆင်ပုံ
  • ဆားရည်ပျော်ကာ အိလာသော သံပုယိုသီးကို အရည်စစ်ကာ ဆယ်ထားပြီး ဇလုံအနေတော်မှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာထားပြီး အနေတော် စိတ်ထားပါ
  • Mustard seed ,Cumin seed , Coriander seeds တို့ကိုမီးအနေတော်နှင့် အစေ့များ အိုးထဲမှာ ဖောက်ဖောက် ပေါက်လာတဲ့ထိ ခနလေး လှော်ထားပြီး ညက်အောင်ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက သံပုယိုဇလုံထဲကို ကြက်သွန်ဖြူ လှော်ပြီးထောင်းထားသော အစေ့များ  Mustard seeds အစိုတို့ကို ထည့်ပြီး ပြင်ထားပါ
  • ဆီကို မီးအနေတော်နှင့် အပူပေးပါ ဆီပူလာပါက နနွင့်မှုန့်ကိုဆက်ထည့်ပြီး မီးဖိုပေါ်မှ ဆီအိုးကို ချပေးပါ
  • တမိနစ်လောက် ဆီကို အအေးခံပြီး ငရုတ်သီးမှုန့်ထဲ့ကာ မွှေပေးပါ ဆီအရမ်းပူနေပါက ငရုတ်သီးမှုန့်များ မည်းသွားတတ်ပါတယ်
  • ဆီအရမ်း မအေးခင် သံပုယိုသီးဇလုံထဲ လောင်းချပေးပါ
  • အားလုံးပြီးပါက လေလုံပြီးသန့်သော ပုလင်းထဲထည့်ပြီးထားကာ စားသုံးနိုင်ပါပြီ
  • ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက နှစ်ပေါက်အောင် ထားပြီးစားလို့ရပါတယ်
ကုလားလေး သနပ်မဆလာရှိပါက အပေါ်မှာ ပြထားသော အမွှေးနံ့သာအစေ့များ ထည့်စရာမလိုဘဲ မဆလာတမျိုးထဲ သုံးနိုင်ပါတယ်
သံပယိုသီးဆားရည်စိမ်စဉ် ထွက်လာသောအရည်များက ခါးပြီး ငံနေတတ်တဲ့အတွက် အငံနှင့် အခါးမနှစ်သက်သောသူများ ပြန်သုံးရန်မလိုပါ
မာမာလဲ ပြန်မသုံးပါ
အငံအရသာ အတွက်က ဆားရည်စိမ်ထဲက ပါပြီးသားမို့လို့ အငံထပ်ထည့်စရာ မလိုပါ။

Wednesday 27 April 2016

ကြက်သားဆီချက်ခေါက်ဆွဲ




ဒီနေ့တော့ ကြက်ရင်ပုံသားကို ပြုပ်ဖြစ်ပါတယ် ကြက်သားပြုပ်ပြီးကာမှ ကြက်သားပြုပ်ကြီးဘဲ သက်သက် မစားချင်တာမို့လို့  ဒီတခါတော့ ဆီချက်ခေါက်ဆွဲ လုပ်စားဖြစ်သွားပါတယ်။

အိမ်မှာဘဲ အလြယ္တစ္ကူ လုပ်စားလို့ရတဲ့ ဆီချက်ခေါက်ဆွဲ ဖြစ်သလို ကိုယ့်လျှာ အရသာနဲ့  ခံတွင်းတွေ့မဲ့ ဆီချက်လေးမို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. ခေါက်ဆွဲခြောက် - 200 g
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ္ဗူးသာသာ
  4. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  5. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  6. ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  7. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  8. အရသာမှုန့် - အနည်းငယ်
  9. မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ္ဗူး
  10. ကြက်သွန်မိတ် - အနည်းငယ်
  11. နာနတ်ပွင့် - တစ်ပွင့်
  12. ဆား - လက်ဖက်ရယ်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့် ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ပုံပါအတိုင်း လွီးထားပါ
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ အနေတော် ပျော့အောင်ပြုပ်ပေးပြီး ခေါက်ဆွဲနှင့် ရေနွေးကို ဇကာထဲသြန္ခ်ျပီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားသော ခေါက်ဆွဲကို ပဲငံပြာရည် အနောက်ဖြင့် နယ်ထားပေးပါ
  • မြေပဲကိုလှော်ပြီး အခြံခြ်တ္ကာ မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
  • ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တစ်ပွဲစာပြင်ရန်
  • ပဲငံပြာရည် နယ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ပန်းကန်ထဲ ထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က္သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး သခြားသီး အချဉ်တို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Monday 25 April 2016

အာလူး တန်ပူရာကြော်





မွမွရွရွလေးနဲ့ စားလို့ကောင်းစေတဲ့ အာလူးကြော်နည်းလေး မျှဝေလိုက်ပါတယ် အသီးအရွက် အရမ်းစားတဲ့ သမီးလေးအတွက် စပါယ်ရှယ် ပြင်ပေးရတဲ့ အာလူးကြော်လေးပါ ကလေးလူကြီး နှစ်သက်ကြမှာမို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး - ခပ်ကြီးကြီး ၂လုံး
  • ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက် 
  • ဂျုံမှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ဆန်စိမ်းမှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • baking sodar - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် အခြောက် - ထမင်းစားဇွန်း တဇွန်း (လတ်လတ်ဆတ်ဆတ် နံနံပင်ထည်ာရင် ပိုကောင်းပါတယ်)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၂လုံး
ပြင်ဆင်ပုံ
  1. အာလူးကို အခွံခွာပြီး ပုံပါအတိုင်းလှီးကာ ရေ၂ခါလောက်ဆေးပြီး ရေစစ်ထားပါ
  2. ပဲမှုန့် ဂျုံမှုန့် ဆန်မှုန့် ဆား အရသာမှုန့် baking sodaတို့ကို ရေနှင့်နည်းနည်းခြင်း ဖျော်ပေးပါ
  3. မုန့်နှစ်အနေအထား ခပ်ပျစ်ပျစ်ရလာတာနဲ့ နံနံပင် အာလူးနှင့်ရောနယ်ပေးပါ
  4. ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ အာလူးမုန့်နှစ်လူးကို ထမင်းစားဇွန်း တဇွန်းစာထည့်ပြီး ကြော်ပေးပါ
  5. တဖက်ရွှေအိုရောင်သန်းလာတာနဲ့ နောက်တဖက်ကို လှန်ပြီးဆက်ကြော်ပေးပါ
  6. နှစ်ဖက်လုံး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  7. ဆီစစ်တာနဲ့ နှစ်သက်ရာအချဉ်နဲ့ တွဲဖက်ပြီး စားနိုင်ပါပြီ။

Sunday 24 April 2016

သာကူပျင် အုန်းဆီဆမ်း





သာကူကျိုချိန် အချိန်မကြာပေမဲ့ အိုးတွေခွက်တွေ ဆေးရတာတော့ အလုပ်ရှုပ်လွန်းတဲ့ မုန့်တမျိုးပါ သာကူကျိုနည်းကတော့ မကြာခန တင်ပြီးသားမို့ ထပ်မရေးတော့ဘဲ ဒီတစ်ခါတော့ အုန်းဆီချက်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အသင့်လုပ်ပြီးသား သာကူပြင် - မုန့်ပွဲပြင်ရန် တပွဲစာ
  2. အုန်းနို့ - 400 ml
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  4. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

အုန်းဆီချက်ရန်
  1. အုန်းနို့နှင့် ဆီ ဆားတို့ကို အိုးတလုံးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးပါ
  2. အုန်းဆီချက်နေစဉ် အုန်းဆီများ ဝေကျတတ်သောကြောင့် မကြာမကြာမွှေပေးပြီး မီးမများစေရန် သတိထားပေးပါ
  3. အုန်းနို့များ တဖြည်းဖြည်း ခမ်းလာပြီး ဆီပြန်ထွက်လာပြီး ဆီထဲတွင် အုန်းနို့များ ဥလာပြီဆိုရင် မီးဖိုပေါ်က ချပေးထားပါ။
ပြင်ဆင်ပုံ
  1. သာကူပြင်ကို အနေတော် အတုံးလေးတွေ တုံးထားပါ
  2. လှီးထားသော သာကူပြင်ကို ပန်းကန်ပြားတချပ်မှာ မိမိနှစ်သက်သလို ပြင်ပေးထားပါ
  3. အဆင်သင့် ပြင်ထားသော သာကူပြင်ပေါ်သို့  ချက်ထားသော အုန်းဆီကို ဆမ်းပေးကာ စားပွဲလေး ပြင်ပေးနိုင်ပါပြီ
  4. အရသာ စိမ့်စိမ့်လေးနဲ့ အုန်းဆီနံ့လေးမွှေးနေကာ စားလို့အရမ်းကောင်းလွန်းတဲ့ သာကူပြင်အုန်းဆီဆမ်းလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။ 

Saturday 23 April 2016

ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်တဲ့ ငါးချဉ်စပ်ဟင်း









ဒီနေ့တော့ အေးချမ်းနေတဲ့ ရာသီဥတုလေးမှာ လိုက်ဖက်မဲ့ ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်ထားတဲ့ ငါးဟင်းချဉ်စပ်လေး ချက်ထားပါတယ် မွှေးပြီးစားကောင်းလွန်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Basa ငါး - 500 g
  2. ရှမ်းနံနံ - နှစ်သက်သလောက်
  3. ငရုတ်သီးစိမ်း  - စားနိုင်သလောက်
  4. ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာမွှာကြီးကြီး ၃မွှာ
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  12. ဆီ - ထမင်းစားဇွန်း ၈ဇွန်း

ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
  2. တုံးထားသောငါးကို ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  3. ကြက်သွန်နီ  ကြက်သွန်ဖြူ ချင်းတို့ကို ပုံမှာပါတဲ့အတိုင်း လှီးထားပါ
  4. ပန်းကန်တခုထဲမှာ ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်သီးမှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် တို့ထည့်ပြီး သမအောင် နယ်ပေးပါ
  5. မကျည်းသီးမှည့်ကို ရေအနည်းငယ်ထည့်ကာ စိမ်ထားပေးပါ
  6. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  7. ဆီသတ်နံ့ သက်းလာတာနဲ့ ငါးအသားမာလာတဲ့အထိ ဆီသတ်ပေးပါ
  8. ငါးအသားများမာလာတာနဲ့  ငါးဟင်းထဲကို မကျည်းသီးအဖတ်များဖယ်ကာ မကျည်းသီးမှည့်ရည် ထည့်မွှေပါ
  9. ငါးဟင်းအိုးထဲကို ရေကို မြုပ်လောက်ရုံလောက်ထည့်ပြီး ငရုတ်သီးစိမ်းထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  10. ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်း၍ လိုသလိုပြင်ကာ ဆီပြန်ကာနီးတာနဲ့ ရှမ်းနံနံရွက်အုပ်ပြီး ချဉ်ငံစပ်ငါးဟင်း မွှေးမွှေးလေး ရပါပြီ

Friday 22 April 2016

သဖန်းသီး ဆားရည်စိမ်







အသီးအရွက်တွေ အချဉ်တည်လေတိုင်း ငယ်ငယ်က မိသားစုဘ၀လေးကို အရမ်းတမ်းတမိသလို အခုထိ လက်ရှိ ရှိနေသေးတဲ့ ၆ဧကကျော် ကျယ်တဲ့ခြံကြီးကိုလဲ လွမ်းနေမိခဲ့တယ်။

သက်ကြီးပင်တွေ အများကြီးရှိတဲ့ ခြံကျယ်ကြီးထဲက ထွက်သမျှ အသီးအနှံကို လတ်လတ်ဆတ်ဆတ် ရောင်းကြသလို အချဉ်တည်ပြီး တစ်ဖုံ အခြောက်လှန်းပြီး တစ်မျိုး အကုန်လုံးလိုလို ကိုယ့်မိသားစု တပိုင်တနိုင်လုပ်ကြပြီး အသီးအရွက် ရောင်းရတာမှန်သမျှ သန့်ရှင်းတယ်ဆိုပြီး လှူခဲ့တာတွေကလဲ ဘ၀မှာ အမှတ်တရ တစ်ခုပါဘဲ။

ဒီနေ့တော့ ဘ၀ရဲ့ အမှတ်တရတွေထဲက တခုဖြစ်ခဲ့တဲ့ သဖန်းသီးကို ဆားရည်စိမ်မိတာကြောင့် အစိမ်း တို့စားလို့လဲကောင်းပြီး ဆားရည်စိမ်ပြီး တို့စားရင်လဲ ကြွတ်ကြွတ်လေးနဲ့ တို့စားလို့ကောင်းလွန်းတဲ့  သဖန်းသီး ချဉ်ဖတ်လေးထည့်ပြီး ငါးငပိချက်လေး ချက်မိတာမို့ သဖန်းသီး ချဉ်ဖတ်ထည့်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သဖန်းသီး - ဖန်ပုလင်း တစ်လုံးစာ
  2. ရေ - ဖန်ပုလင်း တစ်ဝက်
  3. ဆားကြမ်း - ထမင်းစားဇွန်း တစ်ဇွန်း(ဆားကို ဖန်ပုလင်းထဲ ထည့်ထားသည့်ရေ ငံနေသည် ထိမွှေပေးပါ )

ပြင်ဆင်ပုံ
  1. သဖန်းသီးကို အညှာဖြတ်ပြီး ထက်ခြမ်းခြမ်းကာ ရေ၃နာရီလောက် စိမ်ပေးပါ
  2. ပုလင်းသန့်သန့် တစ်လုံးထဲမှာ ရေနှင့်ဆားကို ငံနေသည်ထိ ရောပြီးဖျော်ထားပေးပါ
  3. ရေစိမ်ထားသော သဖန်းသီးကို ရေ၅ထပ်လောက် လှုပ်လှုပ်ပြီးဆေးပါ
  4. ရေဆေးထားသော သဖန်းသီးကို ဆားရည်ပုလင်းထဲထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ
  5. ၃ရက်လောက်နေရင် သဖန်းသီးချဉ်ဖတ် ရပါပြီ။
သဖန်းသီး သဘာဝ အလုံးကို ခွဲလိုက်ရင် ဘယ်ကနေ ၀င်နေမှန်းမသိတဲ့ ပုရွက်ဆိတ်လေးတွေ ပါတတ်ပါတယ် အဲဒီအကောင်လေးတွေ စင်သွားအောင် ရေနိုင်နိုင်နဲ့ လှုပ်ပြီးဆေးပေးပါ။

Thursday 21 April 2016

လှော်စာ











လှော်စာဆိုတာ အရမ်းကြိုက်တဲ့ အစာတခုဆိုလဲ မမှားပါဘူး နာဂတောင်တန်းမှာ နေတုန်းက ဒေသအစာဖြစ်ပေမဲ့ ရာသီဥတု အေးတဲ့အတွက် ခက်ခက်ခဲခဲလေး လုပ်ကြရပြီး ရာသီဥတုပူတဲ့ မြေပြန့်မှာဆိုရင်တော့ လုပ်ရတာ ပိုပြီးလွယ်ပါတယ်။

ယူကျူ့မှာ ကြည့်တဲ့နည်းကတော့ dried yeast ball ကို သုံးပါတယ် မာမာကတော့ dried yeast cake ကို သုံးထားပါတယ် ဆိုင်မှာမေးတော့ အတူတူဘဲလို့ ပြောပါတယ် အေးရှန်းဆိုင်မှာ ၀ယ်လို့ရပါတယ် မြန်မာပြည်မှာဆိုရင်တော့ လှော်စာ ဆေးလုံးဆိုပြီး ပရဆေးဆိုင်တွေမှာ မေးပြီးဝယ်လို့ရပါတယ်။

လှော်စာလုပ်တဲ့နေရာမှာ သုံးတဲ့အိုးခွက်တွေ အရမ်းသန့်ရပါတယ် ရှေးလူကြီးတွေ အဆိုအရ လှော်စာလုပ်ချိန်မှာ အမျိုးသမီးဆိုရင် သန့်ရှင်းနေချိန်ကျမှ လုပ်ရပါတယ် လှော်စာက နတ်ကြီးတယ်လို့လဲ ပြောကြပါတယ် ဒီနေ့တော့ နတ်ကြီးတဲ့ လှော်စာလုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - 500 ml
  2. ရေ - 500 ml
  3. ရေသန့် - 250 ml
  4. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  5. dried yeast ball - 22 g
  6. သကြား - 240 ml

ပြင်ဆင်ပုံ
  1. ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေခန စစ်ထားပါ
  2. ရေစစ်ထားသော ကောက်ညှင်းဆန်500 mlကို ရေ 500 mlနှင့်  ထမင်းပေါင်းအိုးထဲ ထည့်ကာ ချက်ပေးပါ
  3. ကောက်ညှင်းအပေါ်မူတည်ပြီး ရေကို အတိုးအလျှော့ လုပ်ပေးပါ
  4. ချက်ပြီးသော ကောက်ညှင်းသည် မပျော့လွန်း မမာလွန်း အနေအထား ရနေရပါမယ်
  5. ချက်ထားသော ကောက်ညှင်းကျက်ပါက မီးပိတ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပါ
  6. ပြီးမှ ပန်းကန်ပြား တစ်ချပ်ထဲ ဖြန့်ထည့်ကာ အအေးခံထားပါ
  7. ဆား ကို ရေသန့်နှင့်ရောကာ ပျော်အောင်ဖျော်ထားပါ
  8. Dried yeast ball ကို ကျေသွားအောင် ထုချေပြီး ဇကာစိတ်စိတ်နှင့် စစ်ထားပါ
လှော်စာပြုလုပ်ပုံ
  • အအေးခံထားသော ကောက်ညှင်းပန်းကန်ထဲ တဆေးမှုန့်များ ဖြန့်ထည့်ပါ
  • ပြီးရင် ဆားရည် ထမင်းစားဇွန်း ၈ဇွန်းကို ဖြန့်ပြီးထည့်ပေးပါ
  • ပထမတကြိမ် ဇွန်းနဲ့ ခပ်ဖွဖွနယ်ပေးပါ
  • နောက်တစ်ကြိမ် ဆားရည်ကို လက်မှာစွတ်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အားလုံးပြီးသွားတာနဲ့ ဆားရည်ကို လက်မှာထပ်စွတ်ပြီး ကောက်ညှင်းကို ထမင်းစားဇွန်း တဇွန်းခန့်ယူကာအလုံးလေး လုပ်ပေးပါ
  • ကောက်ညှင်းလုံးလေးတွေ ရပြီဆိုတာနဲ့ အဆင်သင့် ပြင်ထားသော ဗူး (သို့) ဇလုံထဲမှာ စီထည့်ပါ
  • အလုံးလေးတွေ အပေါ်ကို ဆားရည် ထမင်းစားဇွန်း၂ဇွန်းကို ဖြူးပေးပါ
  • ပြီးတာနဲ့ လေလုံစေရန် glad wrap ဖြင့် တစ်ထပ်အုပ်ပေးပါ
  • အပေါ်မှ ဗူးအဖုံးကိုအုပ်ကာ လက်သုပ်ပုဝါဖြင့်ထုတ်ကာ အခန်းအပူချိန် အများဆုံး ရှိသောနေရာမှာ ထားပေးပါ
  • ရာသီဥတုအပေါ် မူတည်ပြီး ရက်အတိုးအလျှော့ ရှိနိုင်ပေမဲ့ ပုံမှန်အပူချိန်ဆိုရင် ၃ရက်လောက်နေရင် ကစော်ဖောက်လာပါပြီ
  • ထည့်ထားသော ဗူးကို ဖွင့်လိုက်တာနဲ့ လှော်စာနံ့သင်းသင်းလေး ရပြီဆိုရင် စားဖို့ပြင်နိုင်ပါပြီ
  • အပေါ်ယံမှာ အသုံးပြုသော dried yeast ကြောင့် မှိုအနည်းငယ် တက်တတ်ပါတယ်
  • ထိုမှိုများကို ဖယ်ပြီးစားနိုင်ပါတယ်
သကြားရည်ကျိုရန်
  1. သကြား - 120 ml
  2. ရေ သန့် - 500 ml
အိုးသန့်သန့်တစ်လုံးမှာ သကြားနှင့်ရေကိုရောကာ ပျော်တယ်ဆိုရုံလေး ကျိုပေးပြီး အအေးခံထားပါ
သကြားရည် အေးတာနဲ့ လှော်စာထည့်ထားသော ဗူးထဲကို ဘေးဘက်မှနေ၍ အသာလေး လောင်းထည့်ကာ glad wrapဖြင့်အုပ်ကာ တစ်နာရီလောက် ထားပြီးရင် စားသုံးရန် အသင့်ဖြစ်သော လှော်စာကို ရပါပြီ
ပိုနေသော လှော်စာကို ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားပြီး စားနိုင်ပါတယ်။

လှော်စာလုပ်ရာမှာ အသုံးပြုသောပစ္စည်းများ လက်နှင့် လှော်စာထည့်မည့် ဗူးတို့မှာ သန့်ပြန့်သော ပ္စည်းများ ဖြစ်ရပါမယ်
ပထမဦးဆုံးအကြိမ် စမ်းလုပ်တာဆိုရင် အခုပေးထားသော အချိုးးအစား တစ်ဝက်လောက်ကိုဘဲ စမ်းလုပ်စေချင်ပါတယ်။

ကြက်သားချောင်း ကော်ပြန့်စိမ်း









ဗီယက်နမ်ကော်ပြန့်စိမ်း လိပ်နည်းကို အခြေခံပြီး လိပ်ထားတဲ့ ကော်ပြန့်စိမ်းလိပ်နည်းလေးပါ မုန့်ဟင်းခါးဖတ်ထည့်ပြီး လိပ်ထားတဲ့အတွက် တွဲဖက်ပြီးစားရတဲ့ ငရုတ်သီးကြော်က အဓိက ပိုပြီးကျပါတယ်။

ပြည်ကြီးငါးကြော်နည်းကတော့ တခါတင်ပြီးသားမို့ ထပ်မရေးတော့ဘဲ ငရုတ်သီးကြော်နည်းနဲ့ ကော်ပြန့်လိပ် အစာထည့်နည်းဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြော်ပြီးအဆင်သင့်ပြင်ထားသော - ပြည်ကြီးငါးကြော်
  2. အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော မုံလာဥနီ  - တစ်ဥ
  3. အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော သခွားသီး - တစ်လုံး
  4. ရေဆေးထားသော နံနံပင် - အနည်းငယ်
  5. အသင့်သုံးနိုင်သော မုန့်ဟင်းခါးဖတ် - လိုသလောက် သုံးပေးပါ
  6. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ
  • ကြော်ထားသော ပြည်ကြီးငါးကြော် အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက် တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ နံနံပင်အနည်းငယ်ကို ခင်းပြီး အပေါ်မှ မုံလာဥနီတထပ် သခွားသီးတထပ် ပြည်ကြီးငါးကြော်နှင့် မုန့်ဟင်းခါးဖတ်ကို အနေတော် ထည့်ပေးပါ
  • ပုံထားသော အစာများဧ။် အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
ငရုတ်သီးကြော်အတွက် 
  • ငရုပ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  • မကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း ၁ဇွန်း 
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  1. ဆီကိုအရင်ဆုံး အပူပေးပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  3. ကြက်သွန်ဖြူ မွှေးလာတာနဲ့ ငရုတ်သီးကို ထည့်မွှေပါ
  4. ငရုတ်သီးနံ့ သင်းလာတာနဲ့ မကျည်းသီးအနှစ်နှင့် ငံပြာရည်ကို ထည့်မွှေကာ ပွက်ပွက်ဆူလာလျှင် မီးပိတ်ပေးပါ
  5. ငရုတ်သီးကြော် ကျက်တာနဲ့ မုန့်ဟင်းခါးဖတ် ပြည်ကြီးငါးကော်ပြန့်စိမ်း စားပွဲပြင်ကာ တို့ပြီးစားနိုင်ပါပြီ။