ဆိတ်သားစဉ်းကောချက်ပြီး ဗီယက်နမ်ကော်ပြန့်စိမ်းကို အခြေခံပြီး လိတ်ထားတဲ့ ကော်ပြန့်စိမ်းလေး လုပ်စားချင်တဲာ့ အသီးအရွက်တွေလှီးကာ ကော်ပြန့်စိမ်း လုပ်စားဖြစ်သွားပါတယ်။
ဆိတ်သားစဉ်းကော ချက်နည်းကတော့ မာမာတင်ထားပြီးသားမို့ လွယ်ကူရိုးရှင်းတဲ့ ကော်ပြန့်စိမ်းလိပ်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ချက်ပြီးအဆင်သင့်ပြင်ထားသော ဆိတ်သားစဉ်းကောဟင်း - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - မုံလာဥနီ
- ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - ဂေါ်ဖီအကြွတ်ရွက်
- ရေဆေးထားသော - ဆလတ်ရွက်
- Rice paper - ၁၂ရွက်
ပြင်ဆင်ပုံ
- ချက်ထားသော ဆိတ်သားစဉ်းကောဟင်း အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
- စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက် တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
- ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်တရွက်နှင့် မုန်လာဥနီကို ခင်းပေးပါ
- ချက်ထားသော ဆိတ်သားစဉ်းကော ဟင်းကို ဆလတ်ရွက် အပေါ်တင်ပြီး ပုံပါအတိုင် လိပ်ပေးပါ
- အစာများ ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
- ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
- နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
- ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
- Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
- Chili sauce ထမင်းစားဇွန်း ၂ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တဇွန်း
- ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ
No comments:
Post a Comment