- ဆိတ်သား - တစ်ကီလို
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ - ၁၀မွှာ
- ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
- ရေ - 1000 ml
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ဆိတ်သားများကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးငါးတုံးကာ ဆား အရသာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ လှီးပေးထားပါ
- အိုးအသားထူပြီး အောက်ခြေမကပ်သော အိုးထဲမှာ အရသာနယ်ထားသော ဆိက်သားကို ထည့်ပါ
- ဆိက်သားအိုးထဲ ရေထည့်ပြီး တနာရီခန့် မီးအနေတော်နှင့် အဖုံးအုပ်ပြီး ပြုပ်ပေးပါ
- ပြုပ်နေတုန်း ဆိတ်သားနူးပြီး ရေမခမ်းခင်အချိန်မှာ ဆိက်သားကို ဇွန်းကြီးကြီးဖြင့် ဖိချေပေးပါ
- ဖိချေနိုင်လေ ဆိက်သားက မွလေမို့ နာနာဖိချေပေးပါ
- ဆိက်သားများကျေပြီး မွလာတာနဲ့ ဆီနှင့် ကြက်သွန်ဖြူကိုထည့်ပါ
- ကြော်နေစဉ် အောက်ခြေမတူးစေရန် မကြာမကြာ မွှေပေးပါ
- ဆီအမြှုပ်များ ပွတက်လာပြီး ဆိက်သားအနည်းငယ် ကြွတ်လာတာနဲ့ ငရုတ်သီးအကြမ်မှုန့်ကို ထည့်မွှေပါ
- ငရုတ်သီးနံ့ မွှေးလာတာနဲ့ဆီစစ်ဇကာထဲ ဆယ်ထည့်ပေးပြီး ဆီစစ်ထားပါ
- ဆီစစ်တာနဲ့ စားသုံးရန် အသင့်ဖြစ်သော ဆိက်သားအမွ အစပ်ကြော် မွှေးမွှေးလေး ရပါပြီ
- ဆိတ်သားအစား အမဲသား ဝက်သား သိုးသားများကိုလဲ ထိုနည်းအတိုင်း ကြော်စားနိုင်ပါတယ်။
No comments:
Post a Comment