မုန့်လက်ဆောင်းဖတ် အလွယ်လုပ်နည်းလေးပါ ရာသီစာလေးမို့ ချိန်ခါမှီလေး လုပ်ချင်ပေမဲ့ တယောက်ထဲဆိုတော့ မုန့်ဖတ်လုပ်ဖို့မွှေချိန်တွေမှာ အချိန်လုပြီးလုပ်ရလို့ ပုံလေးတွေ မရိုက်နိုင်သလို အရင်လုပ်ပြီးသား ပုံဟောင်းလေးနဲ့ဘဲ တင်ခဲ့လိုက်ပါပြီ။
ပါဝင်ပစ္စည်းများ
- ပီလောပီနမ်မှုန့် Tapioca starch - 20 g
- ဆန်မှုန့် - 30 g
- pandan extract - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- food color အစိမ်းရောင် - တစက်လောက် (အရောင် ကြိုက်လျှင်ထည့်ပါ)
- ရေ - 400 mlေ
- ရခဲတုံး - မိမိနှစ်သက်သလောက် သုံးပါ
- အုန်းနို့ - 100 ml (ready made ဗူးကိုဘဲ သုံးထားပါတယ်)
- ထန်းလျှက်ရည် - 100 ml (ထန်းလျှက် 50 gကို ရေနှင့် ကျိုလိုက်ပါ)
- အုန်းသီးမှုန့် - မိမိနှစ်သက်သလောက် သုံးပါ
ပြင်ဆင်ပုံ
- ဆန်မှုန့်နှင့်ပီလောပီနမ်အမှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
- ရေဖျော်ထားသော မုန့်နှစ်ထဲကို အရောင်လိုချင်ပါက food color အစိမ်းရောင်ကို ထည့်ဖျော်ပါ
- ရေခဲကို ရေထဲထည့်ပြီး ဇလုံတလုံးထဲမှာ အဆင်သင့် ပြင်ထားပါ
- ရေ 400 ml ကို ဆူအောင်တည်လိုက်ပါ
- ရေဆူလာတာနဲ့ မုန့်နှစ်ကို ထည့်မွှေပါ
- ကျိုနေချိန် ၄မိနစ်မှ ၅မိနစ်အတွင်း အဆက်မပြတ်မွှေပေးပါ
- မုန့်နှစ် ကြွက်မှီးတန်းထက် ပြစ်လာပါက အိုးကိုဘေးမှာချပြီး pandan extract ကိုထည့်ပြီးမွှေပါ
- အပေါက်ပါသော ဇကာထဲကို မုန့်နှစ်လောင်းထည့်ကာ ရေခဲရေဇလုံပေါ်မှနေ၍ ဇကာထဲမှ မုန့်နှစ်ကို ယောင်းမ ပြားပြားလေးနှင့် ဖိချပေးပါ
- ရေခဲရေထဲ ကျလာသော မုန့်လက်ဆောင်းဖတ်လေးများ ရလာပါလိမ့်မယ်
- ထန်းလျှက်ရည် အုန်းနို့တို့နှင့် မုန့်လက်ဆောင်းဖတ်ရောကာ အုန်းသီးမှုန့်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။
စားချင်နေတာ
ReplyDeleteတကယ်စားစေချင်ပါတယ် ညီမလေးရေ
Delete