ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းက မာမာ့အမေ အရမ်းကြိုက်တဲ့ ဖျော်နည်းပါ မွှေးပြီးချိုနေတာမို့ ဖျော်စားကြည့်ရအောင် ကြက်သွန်နီ မီးဖုတ် ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
- ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
- ကြက်သွန်နီ - ခပ်သေးသေး ၃လုံး
- ပုဇွန်လှော် - ၃ကောင်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ကြက်သွန်နီကို အခွံမခွာဘဲ အလုံးလိုက် အခွံများကျွမ်းတဲ့ထိ မီးဖုတ်ထားပါ
- မီးဖုတ်ထားသော ကြက်သွန်နီကို ရေထဲခနအေးအောင်စိမ်ပြီး အခွံကို ခွာထားပါ
- ပုဇွန်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ကာ အခွံခွာထားပါ
- ငါးပိရည်ကို ကျိုထားပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ
- အခွံခွာထားသော ပုဇွန်ကိုအရင်ထောင်းပြီး ကြက်သွန်နီကို မညက်တညက် ထည့်ထောင်းပါ
- ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
- နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ကြက်သွန်နီမီးဖုတ် ငါးပိရည်ဖျော်လေး ရပါပြီ။
No comments:
Post a Comment