Tuesday 12 April 2016

ကြပ်သားချောင်းကြော်








အသားစိုစိစိတွေ မစားချင်တိုင်း အခုလိုလေးကြော်ပြီး ထမင်းပူပူလေးနဲ့စားရတာကို တကယ်သဘောကျမိတယ် ဒါပေမဲ့ သူများအသားလေးပါမှ စားချင်စိတ်လေး ပေါ်လာတာတော့ မကောင်းဘူးပေါ့နော် သို့ပေမဲ့လဲပေါ့ မရှောင်နိုင်သ၍ စားနေကြရအုံးမှာပါဘဲ ကြော်နည်းလေးကတော့ အရင်တစ်ခါ ပြည်ကြီးငါးကြော်သလိုလေးဘဲ ကြော်ထားပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သန့်စင်ဆေးကြောထားသော ကြက်ရင်ပုံသား - 250 g
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်စ်ပုံ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. အာလူးမှုန့် - ထမင်းစားဇွန်း မောက်မောက် နှစ်ဇွန်း
  7. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ရေဆေးကာ ရေခြောက်အောင်လုပ်ပြီး သန့်စင်ထားသော ကြက်ရင်ပုံသားကို အရှည်လိုက် ပုံပါအတိုင်း လက်တစ်လုံးစာလောက် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးပေးပါ
  • အာလူးမှုန့်ကို ပြင်ထားပါ
  • လှီးထားသော ကြက်သားကို ဆား ငရုတ်ကောင်း အာလူးမှုန့်တို့နှင့် ခပ်ဖွဖွ ရောနယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို တစ်ခုခြင်း ထည့်ကြော်ပေးပါ
  • တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပြီး တစ်ခုလုံး ရွှေဝါရောင် သန်းလာလျှင် ဆယ်ထားပေးပါ
  • ကြက်သား ကြော်ထားသော ဆီများကို အိုးထဲမှာ ထမင်းစားဇွန်း သုံးဇွန်းစာလောက်ဘဲ ချန်ထားပြီး ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူနှင့် ချင်းနံ့ သင်းလာပါက ကြက်သားချောင်းကြော်များကို ထည့်မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ကြက်သားချောင်းကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးရန် ပြင်ဆင်ပေးပါ။

No comments:

Post a Comment