Friday 31 August 2012

ပုဇွန်အစပ်ကြော်

ပုဇွန်ထုတ် အစပ်ကြော်




 ပုဇွန်ထုတ် အစပ်လေးကြော်လေးပါ အရင်တုံးကတော့ ပုဇွန်ခပ်သေးသေးလေးတွေကို ကြော်မှကြိုက်ပေမဲ့ အခုတော့ ရှိတဲ့ပုဇွန်ကို အသုံးချပြီး ပုဇွန်ထုတ်ကိုကြော်လိုက်ပါတယ်။

ကြော်ပုံကြော်နည်းကတော့ အတူတူပါဘဲ  ပုဇွန်ကြီးတာနဲ့ ငယ်တာဘဲကွာတာပါ ပုဇွန်ထုတ်လေးတွေ ဝယ်ပြီးပြုပ်ထားတဲ့ ပုဇွန်နဲ့ကြော်မှာပါ ထမင်းပူပူလေးနဲ့လိုက်သလို ထမင်းကြမ်းလေးနဲ့လဲ လိုက်ဖက်တဲ့ ဟင်းလေးပါ ထမင်းမိန်မိန်စားရအောင် ကြော်နည်းလေး မျှဝေပါမယ်။

ပါဝင်ရမှာလေးတွေက
လေးယောက်စာ
  • ပုဇွန်ထုတ် - လေးဆယ်သား
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  • ကြက်သွန်နီ အနေတော် - တလုံး
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
ကြက်သွန်နီ ငရုတ်သီးမှုန့် ပုဇွန်အခွံခွာပြီးကြောခွဲကာအမဲကြောင်းထုပ်ပေးပါ

ဆီပူပူမှာနနွင်းမှုန့်ကို အရင်ထဲ့ပြီးကြက်သွန်နီကို အရင်နွမ်းသွားတဲ့
ထိထဲ့ကြော်ပေးပါ ပြီးမှငရုတ်သီးမှုန့်ကိုမွှေးလာတဲ့ထိဆီသတ်ပေးပါ

ငရုတ်သီးနံ့မွှေးလာပါက ပုဇွန်ထုတ်ကိုထဲ့ပြီး ဟင်းချိုမှုန့်
 ငံပြာရည်တို့ကို တစ်ခါထဲထဲ့ပြီး နှစ်မိနစ်လောက်ကြော်ပေးပါ

ပုဇွန်ထုတ်ကြော်စပ်စပ်လေးရပါပြီ

Thursday 30 August 2012

သမီးလေးလုပ်တဲ့ စပျစ်သီးကိတ်

ကိတ်
မာမာ့သမီးလေးလုပ်တဲ့ကိတ်မုန့်ပါ စပျစ်သီးလေးနဲ့ဖုတ်ထားလို့ စားရတာကောင်းပါတယ် မအားတဲ့ကြားတဲ့ထဲက ရတဲ့အချိန်လေးမှာ လုပ်ပေးတာပေမဲ့ စားလို့အရမ်းကောင်းလို့ သူ့ကိုအရမ်းကောင်းတယ်လို့ ချီးကျူးတိုင်း သူ့ပင်ကိုယ် မျက်နှာပေးပြုံးစိစိလေးနဲ့ဘဲ ကောင်းရင်စားနော်ဆိုပြီးပြောပါတယ် အခုလဲမာမာက မာမာ့blog လာမိတ်ဆွေများကို အလှူ့ရှင်လက်ဖက်နဲ့ မျက်နှာလုပ်လိုက်ပါအုံးမယ် သမီးလေးလုပ်ထားတဲ့ ကိတ်မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ရမှာလေးတွေက
  • ကြက်ဥ -  တလုံး 
  • ဆီ - အနည်းငယ် (ဗန်းတွင်ဖျန်းရန်)
  • ထောပတ် - 60 g (or) 3 tablespoons
  • နို့ - 3/4 cup
  • 2/3 cup caster sugar
  • 1 cup sultanas
  • 1 1/2 cups  self-raising flour 
ဂျုံကိုပွစေရန်ဇကာနှင့်စစ်ကာသကြားနှင့်စပျစ်သီးခြောက်
ရောပြီးမွှေပေးထားပါ


သကြား

စပျစ်သီးခြောက်

ကြက်ဥ ထောပတ် နို့

ဂျုံနှင့်ရောထားသောအစားများကို မုန့်သားပွပွရအောင်စက်နဲ့မမွှေဘဲ
ဝါးယောင်းမလေးနဲ့ဘဲမွေထားပါ

long pan ကို သံလွင်ဆီဖျန်းပေးထားပါ

မွှေထားသောမုန့်သားကို ထဲ့ပါ

ovev ကိုမုန့်နှစ်မထဲ့ခင် ကြိုပီးနှစ်ရာဒီဂရီနဲ့ဖွင့်ထားကာ
မုန့်ဗန်းထဲ့ပြီးပါက လေးဆယ့်ငါးမိနစ်ကြာအောင်ထဲ့ဖုတ်ပေးပါ
လေးဆယ့်ငါးမိနစ်ပြည့်ပါက ကိတ်မုန့်လေးရပါပြီ

စပျစ်သီးကိတ်လေးပါ

ပြည်ကြီးငါးကြော်

(ပြည်ကြီးငါး)ကင်းမွန်ကြော်
မာမာ ဒီနေ့တော့ ကင်းမွန်လေးတွေကို ဂျုံမှုန့်လေးနဲ့လူးပြီးကြော်ထားပါတယ် ပင်လယ်စာတို့ရဲ့ထုံးစံ ညှီတတ်တာမို့ မညှီအောင် ငရုတ်ကောင်းမှုန့်လေးနယ်ကာ ကြော်ထားပါတယ် ဒီနေ့တော့ ကြော်ရတာလဲလွယ်ပြီး စားလို့လဲကောင်းအောင် ကင်းမွန်ကို ဂျုံကပ်ကြော်လေးကြော်ထားတာမို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
လေးယောက်စာ
ကင်းမွန်အရသာနယ်ရန်
  • (ပြည်ကြီးငါး) ကင်းမွန် - 500 g
  • ဂျုံ - ထမင်းစားဇွန်း ငါးဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ - လက်ဖက်ရည်ပန်းကန် တလုံးခွဲ
အချဉ်
  • နှစ်သက်ရာအချဉ်နှင့်စားနိုင်ပါတယ်
 ကင်းမွန်ကြော်ရန်အထုပ်လေးပါ

ဂျုံမှုန့် ဆား ဟင်းချိုမှုန့် ငရုတ်ကောင်းမှုန့်တို့ကို
သစ်သားယောင်းမလေးနဲ့ ဖွဖွလေးရောမွှေပေးပါ
ကင်းမွန်တုံးလေးများကို ထဲ့ပြီးဂျုံများကပ်သွားအောင်လှိမ့်ပေးပါ
အတွင်းဖက်အသားများကို ဖျန့်ပေးပြီးဂျုံမှုန့်နှင့်လူးပေးပါ

ဂျုံအရသာနယ်ပြီးသွားပါပြီ

မီးအနေတော်နှင့်အပူပေးထားသော ဆီပူပူမှာ
ရွှေအိုရောင်သန်းလာတဲ့ထိ ကြော်ပေးပါ

ကျက်သွားလျှင်ဆယ်ယူပြီးဆီစစ်ပေးပါ

နှစ်သက်သောအချဉ်နှင့်စားသုံးနိုင်ပါပြီ

ကင်းမွန်ကြော်မွှေးမွှေးလေးပါ

နှစ်သက်ရာအချဉ်လေးနဲ့စားနိုင်ပါတယ်

Wednesday 29 August 2012

ကြက်သားထောင်းကြော် မွမွစပ်စပ်လေး

Add caption
မာမာ ဒီနေ့တော့ကြက်သားထောင်း အစပ်လေးကြော်ထားပါတယ် မိုးလေအေးအေးမှာ စပ်စပ်လေးစားချင်စိတ်ပေါ်လာတာနဲ့ ကြော်လိုက်တာပါ အသားအတုံးလိုက်ကြီးလဲမစားချင်တာနဲ့ ထုထောင်းပြီးကြော်ထားပါတယ် ငရုတ်သီးစပ်စပ်လေးနဲဆိုတော့ တော်တော်လေးစားကောင်းပါတယ် ကလေးတွေကထမင်းနဲ့စားကြပေမဲ့ မာမာကရေနွေးကြမ်းလေးနဲ့သောက်ပါတယ် ကလေးလူကြီးနှစ်သက်မဲ့အစာလေးတစ်မျိုးပေါ့နော် စပ်စပ်လေးကြိုက်တယ်ဆိုရင်တော့ မာမာနဲ့အတူတူကြော်စားကြရအောင်ပါနော်
လေးယောက်စာ
ကြက်သားအရသာနယ်ရန်
  • ကြက်ပေါင်ရင်းသား -  သုံးဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်သားအရသာနယ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ
ကြက်သားထောင်းကြော်ရန်
  • ကြက်သား 
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဟင်းချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီ - တစ်လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီးငါးမွှာ (အကွင်းလေးများလှီးပါ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း - ၇ဇွန်း (ကြက်သားကြော်ပြီးသားဆီကိုဘဲပြန်သုံးလျှင်ရပါတယ်)
မီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြက်သားကိုထဲ့ကြော်ပေးပါ အရမ်းကျွတ်မသွားခင်ဆယ်ပြီးဆီစစ်ပေးပါ
ဆီစစ်ပြီးအေးသွားပါကငရုတ်ဆုံထဲတွင်တစ်ခုချင်းထဲ့ပြီးကြက်သားတုံးလေးများပြားသွားတဲ့အထိထောင်းပေးပါ
ငရုတ်သီးအကြမ်းမှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ
ဆီပူပူထဲမှာနနွင်းမှုန့်အရင်ဆုံးထဲ့ပြီးကြက်သွန်ကိုနွမ်းသွားတဲ့ထိကြော်ပြီးမှငရုတ်သီးမှုန့်ကိုထဲ့ကြော်ပေးပါ
ငရုတ်သီးနံ့မွှေးလာလျှင်ကြက်သားထောင်း ငံပြာရည်နှင့်ဟင်းခတ်မှုန့်ကိုတစ်ခါထဲထဲ့ပြီးမွှေကြော် ကြော်ပေးပါ
ငံပြာရည်နံ့သင်းလာပြီးကြက်သားမျာကျွတ်ရွလာလျှင်မီးပိတ်နိုင်ပါပြီ
ကြက်သားထောင်းကြော် မွမွစပ်စပ်လေးရပါပြီ

Tuesday 28 August 2012

ပဲသုပ်

ပဲသုပ်စပ်စပ်လေး












မာမာ ဒီနေ့တော့ သားသတ်လွတ် ပဲလေးပြုပ်ပြီး သုပ်ထားပါတယ် ပဲနှစ်သက်သူတွေအတွက် အဆင်ပြေတဲ့ ဟင်းသုပ်လေးပါ  ဒါကြောင့်မို့လို့ ဝါတွင်းကာလ သတ်သတ်လွတ် စားရင်လဲ အဆင်ပြေတဲ့အတွက် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (လေးယောက်စာ)
  1. ပဲနီပြား - တစ်ထုတ်
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
  3. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ဆေးရန်)
  4. နှမ်းလှော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. ပဲကို ရေမြုပ်အောင် ထည့်ပေးပြီး တစ်ညသိပ် စိမ်ထားပါ
  2. ရေစိမ်ထားတဲ့ ပဲများကို အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  3. ပဲများမနူးသေးပါက ရေထပ်ထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  4. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  5. လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  6. ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  8. နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  9. နှမ်းလှော် ကြက်သွန်နီ နံနံပင် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်ကိုတို့ကို ပြင်ထားပါ
  10. ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  11. နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Saturday 18 August 2012

ကြက်သားနာနတ်သီး ချိုချဉ်ကြော်


မာမာဒီနေ့တော့ ကြက်ရင်ပုံသားလေးနဲ့နာနတ်သီးကို ချိုချဉ်ကြော်လေးကြော်ထားပါတယ် ကြက်သားချည်းဘဲ မစားချင်တာနဲ့ ဟိုရောဒီရောချိုချဉ်လေးချက်လိုက်ပါတယ် ချိုချိုချဉ်ချဉ်လေးမို့ ထမင်းစားလို့အရမ်းကောင်းပါတယ် နာနတ်သီးအနံ့လေးမွှေးမွှေးလေးရတာမို့ ထမင်းစားရတာပိုဝင်ခဲ့ပါတယ် ငရုတ်သီးလေးပါထဲ့ကြော်ထားလို့ စပ်တဲ့အရသာလေးကိုလဲ နှစ်သက်ကြမယ်ထင်ပါတယ် ထမင်းမိန်မိန်သုံးဆောင်နိုင်ဖို့ မာမာချက်တဲ့ ဒီဟင်းလေးကိုလဲ အားပေးကြပါအုံးနော်။

အသားတွေဖြည်းမနှစ်သက်တဲ့သူတွေအတော့ အရမ်းကိုကောင်းတဲ့ဟင်းတစ်မယ်ပါ မာမာနဲ့အတူတူချက်ကြည့်ရအောင်နော်။

လေးယောက်တစ်နပ်စာ
ပါဝင်ရမှာလေးတွေက
  • ကြက်ရင်ပုံသား - ဆယ့်ငါးကျပ်သား(ရွယ်တူအတုံးလေးများတုံးပေးပါ)
  • နာနတ်သီး - သုံးစိတ်
  • မုံလာဥနီ - တစ်ဥ (ရွယ်တူအတုံးလေးများတုံးပေးပါ)
  • ကြက်သွန်ဖြူ - သုံးမွှာ (ဓါးပြားရိုက်ပေးပါ)
  • ကြက်သွန်နီ - အနေတော်တစ်လုံး (အကွင်းလိုက်လှီးပေးပါ)
  • ငရုတ်သီးတောင့် - သုံးတောင့်
  • ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  • ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  • မုန့်ညှင်းဖြူ - နှစ်ရွက်
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်သားအရသာနယ်ရန်
  1. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  2. ဟင်းချိုမှုန့် -လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ကြက်သားနှင့်လိုအပ်သောပစ္စည်းများ
လိုအပ်သောအသီးအရွက်များ
ဆီပူပူမှာနနွင်းအနည်းငယ်ထဲ့ပြီးငရုတ်သီးတောင့်ကို
ကြွတ်ပြီးမွှေးလာတဲ့ထိကြော်ပြီးဆယ်ထားပါ
ကြက်သားကိုငါးမိနစ်လောက်ကြော်ပေးပြီးကြက်သွန်ဖြူကိုမိနစ်ဝက်
မရှိတစ်ရှိကြော်ပေးပြီးမုံလာဥနီကိုမိနစ်ဝက်လောက်ကြော်ပေးပါ
ပြီးလျှင်ကြက်သွန်နီကိုမိနစ်ဝက်လောက်ကြော်ပေးပါ
ကြက်သွန်နီကြော်ပြီးပါကနာနတ်သီးနှင့်မုံညှင်းဖြူကို
မိနစ်ဝက်လောက်ကြော်ပေးပါ
နောက်ဆုံးကျမှငံပြာရည် ပဲငံပြာရည် ခရမ်းချဉ်သီးအနှစ်
သကြားနှင့်ငရုတ်သီးတောင့်ကြော်တို့ကိုတစ်မိနစ်လောက်ကြော်ပေးပါ
ချိုချိုချဉ်ချဉ်ကြက်ရင်ပုံသားချိုချဉ်ကြော်လေးရပါပြီ