ကြက်ရင်ပုံသားထမင်းကြော် |
ဆီလေးနဲနဲလျှော့ထဲ့ပြီး ကြော်ထားလို့ မာကျစ်ကျစ်လေးနဲ့ စားရတာကောင်းတဲ့ ထမင်းကြော်လေး
ကြော်ပြီဆိုရင် တစ်ခြားဟင်းအမယ်တွေလဲ မလိုတော့တာမို့ ငွေကုန်လဲတော်တော် သက်သာပါတယ် မာမာတို့အိမ်မှာတော့ ထမင်းကြော်ကို အသားအများကြီးမပါလဲ ကြိုက်ကြပြီး အရသာရှိစွာ စားသုံးနိုင်တာမို့ မိသားစု အားလုံးကြိုက်တဲ့အတွက် ခနခနကြော်ဖြစ်ပါတယ်။
အသားများများထဲ့ရင် ပိုကောင်းပေမဲ့ မာမာ့ကလေးတွေက ပါတဲ့အသားတောင် ဖယ်ပြီးစားကြတာမို့ အသားနဲနဲနဲ့ဘဲ ကြော်ထားပါတယ် မာမာကြော်ထားတဲ့နည်းလေယ မျှဝေလိုက်ပါတယ်။
လေးယောက်စာအတွက်ပါ
ထမင်း - ပေါင်းအိုးဆန်ချင်ဗူး သုံးဗူးချက်
ကြက်ရင်ပုံသား - လက်ဖက်ရည်ပန်းကန် တလုံးစာ(ခပ်ပါးပါးလှီးပေးပါ)
မုံလာဥနီ -လက်ဖက်ရည်ပန်းကန် တလုံးစာ
ကြက်သွန်နီ - တစ်ခြမ်း
ပဲစိမ်းသီး - လက်ဖက်ရည်ပန်းကန် တလုံး(မကြော်မီရေဆူဆူထဲဆားထဲ့ကာသုံးမိနစ်လောက်ပြုပ်ပေးပါ)
ကြက်ဥ - တလုံး
ဆား - လက်ဖက်ရည်ဇွန်း တဇွန်းမရှိတရှိ
ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
ဆီ - ထင်းစားဇွန်း သုံးဇွန်း
နနွင်းမှုန့် -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ကြက်ရင်ပုံသားခပ်ပါးပါးလှီးနှင့်အတူ လိုအပ်တာလေးများပါ |
ဆီပူပူထဲကိုနနွင်းမှုန့်အရင်ထဲ့ပြီးမှကြက်ရင်ပုံသားကိုနှစ်မိနစ်လောက် ကြော်၍ကြက်သွန်နီကိုမိနစ်ဝက်လောက်ထဲ့ကြော်ပေးပါ |
ကြက်သွန်နီနဲနဲနွမ်းမှမုံလာဥနီနှင့်ပဲစိမ်းကို ထဲ့ကြော်ပေးပါ |
ကြက်ဥကိုအလုံးလိုက်ဖောက်ထဲ့ပေးပြီးရောမွှေကာ မိနစ်ဝက်လောက်ကြော်ပေးပါ |
အားလုံးကျက်သွားပါကထမင်း ဆားနှင့်ဟင်းချိုမှုန့်တို့ကိုထဲ့ကြော် ပေးပါ |
အားလုံးရောမွှေပြီးနှစ်မိနစ်လောက် ကြော်ပေးလျှင်ရပါပြီ |
ကြက်ရင်ပုံသားထမင်းကြော် မွှေးမွှေးလေးရပါပြီ |
ဗိုက်ဆာနေတာနဲ့အတော်ပဲ အမရေ... စားသွားတယ်နော်.. :P
ReplyDeleteစားပါနော် Baby Angle ရေ
Deleteမရိုးနိုင်တဲ့ အစားအစာထဲမှာ ထမင်းကြော်လဲ ပါတယ်..။
ReplyDeleteနေ့တိုင်းစားရလဲစားနိုင်တဲ့ထမင်းကြော်လေးမို့
Deleteမကြာမကြာကြော်ဖြစ်ပါတယ် အားပေးလို့ကျေးဇူးပါနော် :))
တန်ပူရာပုစွန်ကြော်ကို တီတင့်လည်း မကြာခနလုပ်စားလေ့ရှိတယ်မာမာရေ။
ReplyDeleteစိတ်ရှည်စွာနဲ့ စားချင်စဖွယ် ကြော်ထားတဲ့ ကြက်ရင်ဘုံသားထမင်းကြော်လေးလည်းအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လာလည်ပြီးအားပေးတဲ့တီတင့်ကိုလဲမာမာကကျေးဇူးအများကြီးတင်ပါတယ်နော်
Deleteထမင်းကြော်လေးလဲအားပေးသွားလို့ပျော်နေပါတယ်တီတင့်ရယ်
လေးစားခင်မင်လျှက်
မာမာ
သီတာလည်းမမမာလိုဘဲညကြီးလည်းထကြော်တာဘဲ ငပိထောင်း ကြက်ဥ ပဲပြုပ် ရှိတာထည့်ကြော်တာဘဲ ပိာုတနေ့ကညကြီးငပိထောင်းနဲ့အကြော်ကောင်းလို့တအိမ်လုံးနံစော်နေရော ပာားပာား ခင်မင်လျှက် သီတာ
ReplyDeleteမမမာနဲ့အရမ်းတူတယ်သီတာရေ
Deleteစားချင်လာပြီဆိုတားမရတော့ဘူးလေ :)
nice job. keep it up!
ReplyDeleteAlso visit my website: canapé d'angle